ထားဝယ်တွင် ဆန်၊ကြက်သွန်နှင့် ရေထွက်ကုန်ပစ္စည်းများဈေးတက်
Dawei Watch
April 27, 2024ထားဝယ်ဈေးကွက်တွင် ဆန်၊ကြက်သွန်ဖြူနှင့် ရေထွက်ကုန်ပစ္စည်းများ ယခုအပတ်တွင် ဈေးတက်နေသည်။ ယခင်အပတ်က အကယ်ဒမီ အစိမ်းရောင်တံဆိပ် ဆန်အမျိုးအစား တစ်အိတ်လျှင် ၁၅၁၀၀၀ ကျပ်မှ ယနေ့ ၁၅၂၀၀၀ ကျပ် ၊အကယ်ဒမီအနီရောင် တံဆိပ်အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၃၈၀၀၀ ကျပ်မှ ယနေ့ ၁၄၀၅၀၀ ကျပ်သို့ ဈေးတက်သွားသည်။ တစ်ပတ်အတွင်း အမျိုးအစားအလိုက် ဆန်တစ်အိတ်လျှင် ၁၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။ ရက်ကိုးဆယ်အမျိုးအစား ဆန်ကြမ်း ဆန်အဟောင်းမှာ ဈေးကွက်အတွင်းပစ္စည်း ပြတ် နေသည်။ ရက်ကိုးဆယ် ဆန်သစ် ၏ ယနေ့ ဈေးကွက် ဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၀၆၀၀၀ ကျပ် ဖြစ်သည်။ ကြူကုတ်(ခေါ်) တရုတ်ကြက်သွန်ဖြူမှာ ထားဝယ်လက်ကား ဈေးကွက်တွင် ဆိုင်အချို့ ပစ္စည်းပြတ်၍ ဈေးတက်နေသည်။ […]