ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်
Dawei Watch
May 5, 2024ရွှေဈေးစံချိန်တင်တက်နေရာမှ ယခုအပတ်တွင် ကျရိပ်ပြလာပြီး ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင် အပြောင်းအလဲအနည်းငယ်ဖြင့် တောက်လျောက် ဈေးဖွင့်ထားသည်။ စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ ကျရိပ်ပြခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ပြီးခဲ့သည့်အပတ်က စံချိန်တင်တက်ခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်တွင် ကျရိပ်ပြလာသည်။ ထားဝယ်ဈေးကွက်အတွင်း တစ်ကျပ်သားလျှင် ၄၈ သိန်းအထိ အမြင့်ဆုံးတက်ခဲ့ပြီးနောက် ငွေကျပ်သောင်းဂဏန်း ပြန်ကျလာသည်။ ဈေးကွက်အတွင်း သောကြာနေ့ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၇၄၀၀၀၀ (လေးဆယ့်ခုနစ်သိန်းလေးသောင်း)ကျပ် ဈေးဖွင့်ထားခဲ့သည်။ ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင်ပင် နေ့စဉ် အပြောင်းအလဲ နည်းနည်းဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုအပတ်အတွင်း မြန်မာငွေတစ်သိန်းလျှင် ၉၃၇ ဘတ်နှင့် ၉၄၈ ဘတ်ကြား ဈေးဖွင့်ထားခဲ့သည်။ ယခုအပတ် […]