ကြက်သွန်ဖြူဈေးအနည်းငယ်တက်ပြီး အာလူးဈေးကျသည့် ထားဝယ်ဈေးကွက်
Dawei Watch
December 28, 2024ထားဝယ်ဈေးကွက်တွင် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၈ ရက်အထိ တစ်ပတ်အတွင်း ဆန်အပါအဝင် စားသုံးကုန်အများစု စျေးငြိမ်နေသည်။ ထူး ၄ အမျိုးအစား ကြက်သွန်ဖြူမှာမူ ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် ဒီဇင်ဘာလ ၂၁ ရက်က ဈေးထက် ဒီဇင်ဘာလ ၂၈ ရက်တွင် တစ်ပိဿာလျှင် ကျပ်ငါးရာဈေးတက်သွားသည်။ ဒီဇင်ဘာလ ၂၁ ရက်က ထူး ၄ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၆၀၀ကျပ် စျေးရှိပြီး ဒီဇင်ဘာလ ၂၈ရက် ဈေးနှုန်းမှာ ၁၆၅၀၀ ကျပ် ဖြစ်သည်။ အာလူးမှာ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်ခြောက်ရာဈေးပြန်ကျလာသည်။ ဒီဇင်ဘာလ ၂၁ ရက်က အာလူးတစ်ပိဿာလျှင် ၇၆၀၀ကျပ်စျေးရှိရာမှ ဒီဇင်ဘာလ ၂၈ရက်တွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်သို့ ဈေးပြန်ကျသွားခြင်းဖြစ်သည်။ ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးပုစွန်ဈေးနှုန်းမှာ […]