သင်္ကြန်အပြီး ဆန်ကြမ်းစျေးကျပြီး ဆန်ချောစျေးတက်သည့် ထားဝယ်စျေးကွက်
Dawei Watch
April 27, 2025ယခုနှစ်သင်္ကြန်အပြီး ထားဝယ်တွင် ဆန်ကြမ်းစျေးကျပြီး ဆန်ချောမှာ စျေးမြင့်တက်နေသည်။ ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် ဧပြီလ ၁၉ ရက်တွင် အကယ်ဒမီ နွေ ဖြူသန့်တံဆိပ် ဆန်ကြမ်းတစ်အိတ်လျှင် ၇၇၀၀၀ကျပ်စျေးရှိရာမှ ယနေ့ ၇၆၅၀၀ ကျပ်သို့ စျေးပြန်ကျသွားသည်။ တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ငါးရာကျပ် စျေးကျသွားခြင်းဖြစ်သည်။ ဆန်ချောမှာမူ စျေးနှုန်းများမြင့်တက်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်း စင်္ကြာမင်းအမှတ်တံဆိပ် ဆန်စျေးနှုန်းမှာ တစ်အိတ်လျှင် တစ်ပတ်အတွင်း ကျပ်တစ်ထောင် စျေးတက်သွားသည်။ ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် ဧပြီလ ၁၉ ရက်တွင် အဆိုပါဆန်မှာ တစ်အိတ်လျှင် ၁၈၉၀၀၀ကျပ်စျေးရှိရာမှ ဧပြီ ၂၆ ရက်တွင် ၁၉၀၀၀၀ကျပ် ဖြစ်လာသည်။ ကြက်သွန်ဖြူ ကျူကုတ်မှာမူ ပြီးခဲ့သည့်သီတင်းပတ်က တစ်ပိဿာ ၁၅၅၀၀ကျပ်မှ ဧပြီ ၂၆ ရက်တွင် တစ်ပိဿာ ၁၃၅၀၀ကျပ်သို့ […]


