ဆန်ဈေးငြိမ်နေပြီး၊ ဆီဈေးကျလာသည့်ထားဝယ်ဈေးကွက်
diz_admin
November 18, 2022ထားဝယ်တွင် နိုဝင်ဘာ ပထမပတ်မှစတင်ကာ အကယ်ဒမီဆန်ဈေးနှုန်းမှာ သုံးပတ်ဆက်တိုက်စျေးတည်ငြိမ်နေသည်။ နိုဝင်ဘာ ၄ ရက်နေ့က ပေါ်ဆန်း(အကယ်ဒမီ) အိတ်ကြီးတစ်အိတ်ကို ၇၄၀၀၀ကျပ်ပေးရပြီး ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့အထိ ဈေးကွက်အတွင်း ယင်းဈေးနှုန်းအတိုင်းရှိနေသည်။ သို့သော် ရွှေဘိုပေါ်ဆန်း(အောင်သီဟ) ဆန်ချောတစ်အိတ်ဈေးနှုန်းမှာ ၁၀၁၅၀၀ကျပ်မှ ယနေ့နိုဝင်ဘာ ၁၈ ရက်နေ့တွင် ၁၀၃၅၀၀ကျပ် ဖြင့် သုံးပတ်အတွင်း တစ်အိတ်ကို ငွေကျပ် နှစ်ထောင်ခန့်ဈေးအနည်းငယ်တက်လာသည်။ နိုဝင်ဘာလတတိယပတ်အထိ ဆန်ဈေးတည်ငြိမ်နေသော်လည်း စားသုံးဆီမှာ ကျပ်တစ်ထောင်ဝန်းကျင်ခန့်ဈေးကျလာခဲ့သည်။ နိုဝင်ဘာ ပထမပတ်က ပဲဆီ(ဇွဲ) တစ်ပိဿာဈေးနှုန်းမှာ ၁၅၅၀၀ ကျပ်သာရှိရာမှာ ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့တွင် တစ်ပိဿာကို ၁၄၆၀၀ ကျပ်ဖြင့် ကျပ်တစ်ထောင်ဝန်းကျင်ခန့်ဈေးကျလာသည်။ ယင်းအပြင် နှမ်းဆီ တစ်လီတာ၏ဈေးနှုန်းမှာလည်း နိုဝင်ဘာလအတွင်း ၉၃၀၀ ကျပ်မှ ၈၇၀၀ […]


