ငရုတ်သီးခြောက်ဈေး တစ်လအတွင်း နှစ်ဆကျော်ခုန်တက်
diz_admin
July 31, 2022မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် ငရုတ်သီးခြောက်ဈေးနှုန်းမှာ ဇူလိုင်လအတွင်း နှစ်ဆကျော် မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ငရုတ်သီးခြောက် (ငရုပ်ပု) တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားပြီး ငရုတ်သီးခြောက် (ရွှေအပ်) တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ကျော်မှ ၁၃၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “နှစ်ရက်ခြားတစ်ခါ ထောင်ဂဏန်းနဲ့ ဈေးတက်တက်သွားတာ” ဟု မြို့သစ်ရပ်ရှိ ကုန်စုံအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ ဇူလိုင်လ ပထမအပတ်မှစပြီး ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၅၀၀၀၊ ၆၀၀၀ ကျပ်မှ ၆၅၀၀၊ ၉၀၀၀၊ ၁၁၀၀၀၊ ၃၀၀၀၀၊ ၁၅၀၀၀ ကျပ်အထိ တဖြေးဖြေးမြင့်တက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။ “ငရုတ်သီးပုက အရင်ကဆို (တစ်ထုပ်) သုံးရာတန် ရသေးတယ်။ အခုဈေးတက်လို့ ငါးရာဖြစ်သွားပြီ။ […]