အကျဘက်မှာ ရှိနေသည့် ဘတ်၊ ရွှေ၊ စက်သုံးဆီ စျေးကွက်လားရာ
diz_admin
October 1, 2022ဘတ်၊ ရွှေ ဈေးနှုန်းသည် ယခုအပတ်တွင် သိသိသာသာ အကျကြမ်းခဲ့သည်။ ထိုင်းဘတ်နှင့် ရွှေဈေးနှုန်းသည် ထိပ်စီးဂဏန်းပြောင်းသည်အထိ ခုန်ဆင်းသွားခြင်းဖြစ်ပြီး စက်သုံးဆီဈေးမှာမူ အကျနှေးနေသည်။ ယင်းကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် ရွှေဈေးနှုန်း၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်း၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်ကို စုစည်းဖော်ပြလိုက်သည်။ အကျကြမ်းသည့်ရွှေ ပြီးခဲ့သည့်အပတ်မှစကာ ဆက်တိုက်ဈေးကျလာခဲ့သည့် ရွှေဈေးသည် ယခုအပတ်တွင် တစ်ကျပ်သားလျှင် ကျပ်လေးသိန်းကျော်အထိ အကျကြမ်းခဲ့သည်။ အမေရိကန်ဒေါ်လာအကျတွင် မြန်မာ့ရွှေဈေးလည်း လိုက်ပါကျဆင်းလာပြီး စက်တင်ဘာလကုန်ရက်တွင် တစ်ကျပ်သားလျှင် ကျပ်နှစ်ဆယ့်ငါးသိန်းခွဲ ဝန်းကျင်သာ ပေါက်ဈေးရှိတော့သည်။ ယခုအပတ် တနင်္လာနေ့(စက်တင်ဘာလ ၂၆ ရက်)က တစ်ကျပ်သားလျှင် ငွေကျပ် နှစ်ဆယ့်ခုနှစ်သိန်းခွဲ ဈေးရှိရာမှ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျပ်နှစ်ဆယ့်သုံးသိန်း ဝန်းကျင်သာ ဈေးဖွင့်တော့သည်။ အမေရိကန်ဒေါ်လာ […]