မြိတ်အခြေခံစားသောက်ကုန်များ အတက်ဘက်ဦးတည်
diz_admin
January 13, 2023မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် စားသောက်ကုန်အများစုသည် အတက်ဘက်သို့ ဦးတည်လျက်ရှိနေသည်။ အဓိက စားသောက်ကုန်ဖြစ်သည့် ဆန်ဈေး တစ်အိတ်လျှင် တစ်ထောင်ကျပ်မြင့်တက်နေရာ ထပ်မံမြင့်တက်နိုင်ကြောင်း ကုန်သည်တချို့က ခန့်မှန်းထားသည်။ ထို့ပြင် ဆယ်ပိဿာပါ စားအုန်းဆီပုံးဝါ တစ်ပုံးလျှင် ယခင်အပတ်က ၆၂၀၀၀ ကျပ်မှ ယခုအပတ်တွင် ၅၀၀၀ ကျပ်ထပ်တက်သဖြင့် ၆၇၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။ ကြက်သွန်ဖြူဈေး တစ်ပိဿာလျှင် တစ်ထောင်ကျပ်အထိ မြင့်တက်လာပြီး ငရုတ်သီးခြောက်၊ ကြက်သွန်နီဈေးတို့ တည်ငြိမ်နေသည်။ ပုဇွန်ခြောက်ဈေးလည်း အနည်းငယ် အပြောင်းအလဲဖြစ်ခဲ့ပြီး တစ်ပိဿာလျှင် ကျပ်ထောင်ဂဏန်းအထိ မြင့်တက်လာသည်။


