ထားဝယ်တွင် ရွှေအတိုးနှုန်းတက်
diz_admin
September 13, 2022ရွှေပေါင်နှံသူများပြားနေသည့် တနင်္သာရီတိုင်း ထားဝယ်တွင် အပေါင်ဆိုင်များက ရွှေအတိုးနှုန်း တိုးမြှင့်လိုက်ကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကြောင့် စပေါင်ချိန်တွင် ပေးလိုက်သည့် ငွေတန်ဖိုးမှာ ပြန်ရွေးချိန်တွင် တန်ဖိုးလျော့ကျသွားပြီဖြစ်သဖြင့် အပေါင်ဆိုင်များအနေဖြင့် အရှုံးကာမိစေရန် ယင်းသို့အတိုးနှုန်း တိုးမြှင့်ရခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။ ယခင်က ရွှေအပေါင်ထားပြီး ငွေကျပ်တစ်သိန်းချေးလျှင် တစ်ထောင့်ငါးရာကျပ် အတိုးယူနေရာမှ စက်တင်ဘာလမှစတင်ကာ အတိုးနှစ်ထောင်ကျပ်ယူနေကြောင်း ၎င်းတို့က ဆိုသည်။ ငွေကျပ်တစ်ရာလျှင် တစ်ကျပ်ခွဲအတိုးနှုန်းယူနေရာမှ လက်ရှိတွင် နှစ်ကျပ်သို့ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင် ရွှေပေါင်မည်ဆိုပါ စည်ပင်သာယာလိုင်စင်ရအပေါင်ဆိုင်ထက် ရွှေဆိုင်များတွင်သာ အပေါင်ထားပြီး ငွေချေးကြသည်။ မြန်မာနိုင်ငံ၏ ရွှေပေါက်ဈေးမှာ ပြီးခဲ့သည့် ဩဂုတ်လကုန်တွင် စံချိန်တင်မြင့်တက်ခဲ့ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင်ဖြစ်သွားခဲ့သလို၊ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၄၇၀၀ ကျပ်နှင့် ထိုင်းတစ်ဘတ်လျှင် ကျပ် ၁၀၀ […]