BREAKING
May 5, 2025

ကုန်ဈေးနှုန်း

ထိုင်းသွင်းကုန်များအပါအဝင် စားသောက်ကုန်စျေးတက်နေသည့် ထားဝယ်ဈေးကွက်

Dawei Watch

August 16, 2024

ထားဝယ်မြို့တွင် ယခုအပတ် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသုံးဆီ အပါအဝင် ကုန်စျေးနှုန်းများ မြင့်တက်နေသည်။ ယခင်အပတ်က ထိုင်းထုတ် ပုစွန် နှစ်ကောင်တံဆိပ် စားသုံးဆီ ၁ လီတာ တစ်ဘူးလျှင် ၈၄၀၀ကျပ်မှ ယနေ့ ၁၂၅၀၀ကျပ်၊ ပဲလုံးတံဆိပ် ၁ လီတာ တစ်ဘူးလျှင် ၉၄၀၀ကျပ်မှ ၁၂၅၀၀ကျပ်အထိ ဈေးနှုန်းများမြင့်တက်သွားသည်။ တစ်ပတ်အတွင်း ထိုင်းနိုင်ငံထုတ် စားသုံးဆီဈေးနှုန်းများသည် အမျိုးအစားအလိုက် ၁ လီတာလျှင် ၃၁၀၀ကျပ်မှ ၄၁၀၀ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။ ထို့အတူ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်ဈေးနှုန်းများလည်း မြင့်တက်လျှက်ရှိသည်။ ယခင်အပတ်က ကြက်သွန်နီရိုးရိုးတစ်ပိဿာ ၃၀၀၀ကျပ်မှ ယနေ့ ၃၃၀၀ကျပ်၊ ကြက်သွန်နီ(မြစ်သား)တစ်ပိဿာ ၃၂၀၀ကျပ်မှ ၃၄၀၀ကျပ်သို့ ဈေးတက်သွားသည်။ တစ်ပတ်အတွင်း ကြက်သွန်နီဈေးမှာ အမျိုးအစားအပေါ်မူတည်ကာ တစ်ပိဿာ ၂၀၀ကျပ်မှ ၃၀၀ကျပ်အထိဈေးတက်သွားခြင်းဖြစ်သည်။ […]

ဘတ်ဈေး ပြန်ကျ ၊  ရွှေဈေး ၇၃ ရက်မြောက် ဈေးမဖွင့် (ဩဂုတ် ၁၆)

Dawei Watch

August 16, 2024

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၇၃ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ  ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်‌နေသည်။ ရန်ကုန်ဈေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၈ သိန်း ဈေးဖွင့်ထားသည်။ ယမန်နေ့နံနက်က တစ်ကျပ်သားလျှင် သိန်း၈၀ ဈေးဖွင့်ခဲ့သည့်အတွက် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၂ သိန်း ဈေးကျသွားသည်။ ထိုင်းဘတ်ဈေးမှာ ပြန်ကျလာပြီး မြန်မာငွေတစ်သိန်းလျှင် ၆၂၅ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ဘတ်ဈေးငြိမ် ၊ ရွှေဈေး ၇၂ ရက်မြောက် ဈေးမဖွင့် (ဩဂုတ် ၁၅)

Dawei Watch

August 15, 2024

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၇၂ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ  ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်‌နေသည်။ ရန်ကုန်ဈေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း ၈၀ ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၅၉၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ဘတ်ဈေးကျရိပ်ပြ၊ ၇၁  ရက်မြောက် ရွှေဈေးမဖွင့် (ဩဂုတ် ၁၄)

Dawei Watch

August 14, 2024

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၇၁ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ  ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်‌နေသည်။ ရန်ကုန်ဈေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၈၃ သိန်း ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ တစ်ဘတ်လျှင် ၉ကျပ်နီးပါး ကျလာသော်လည်း ဈေးမငြိမ်ဘဲ ဖြစ်နေသည်။ မြန်မာငွေတစ်သိန်းလျှင် ၅၉၀ ဘတ် ဝန်းကျင်ဈေးဖွင့်ထားခြင်းဖြစ်သည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ဘတ်ဈေးစံချိန်တင်ထပ်တက်၊ ထားဝယ်တွင် ၇၀  ရက်မြောက် ရွှေဈေးမဖွင့် (ဩဂုတ် ၁၃)

Dawei Watch

August 13, 2024

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၇၀ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ  ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်‌နေသည်။ ရန်ကုန်ဈေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ခုနစ်ဆယ်ခုနစ်သိန်းငါးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ တစ်ဘတ်လျှင် ၁၆ကျပ်နီးပါး ထပ်တက်သွားသည်။ မြန်မာငွေတစ်သိန်းလျှင် ၅၆၀ ဘတ် ဈေးဖွင့်ထားခြင်းဖြစ်သည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ဘတ်ဈေးစံချိန်တင်ထပ်တက်၊ ထားဝယ်တွင် ၆၉  ရက်မြောက် ရွှေဈေးမဖွင့် (ဩဂုတ် ၁၂)

Dawei Watch

August 12, 2024

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၆၉ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ  ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်‌နေသည်။ ရန်ကုန်ဈေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ခုနစ်ဆယ်ခြောက်သိန်းငါးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ထပ်တက်လာပြီးတစ်ဘတ်လျှင် တစ်ကျပ်ကျော်တက်သွားသည်။ မြန်မာငွေတစ်သိန်းလျှင် ၆၁၅ ဘတ် ဈေးဖွင့်ထားခြင်းဖြစ်သည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ထိုင်းထုတ်စားသုံးဆီနှင့် ငရုတ်ပုခြောက်ဈေးတက်သည့် ထားဝယ်ဈေးကွက်

Dawei Watch

August 9, 2024

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ထိုင်းနိုင်ငံထုတ် စားသုံးဆီဈေးတက်နေသည်။ ပဲလုံးတံဆိပ်စားသုံးဆီ တစ်လီတာ တစ်ဘူးဈေးမှာ ယခင်အပတ်က ၈၆၀၀ ကျပ်စျေးရှိရာမှ ယနေ့ ဩဂုတ်လ ၉ရက်တွင် ၉၄၀၀ကျပ် ဖြစ်လာသည်။ ငရုတ်ပုခြောက်ဈေးမှာ ယခင်အပတ်က တစ်ပိဿာ ၁၅၀၀၀ ကျပ်မှ ယနေ့ ၁၇၅၀၀ကျပ် ဖြစ်လာသည်။ တစ်ပတ်အတွင်း ထိုင်းနိုင်ငံထုတ် ပဲလုံးတံဆိပ်စားသုံးဆီ တစ်လီတာ ကျပ် ၈၀၀ ဈေးတက်သွားပြီး ငရုတ်ပုခြောက်ဈေးမှာ တစ်ပိဿာ ၂၅၀၀ ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။ ယခင်အပတ်က ဈေးတက်ခဲ့သည့် အာလူး တစ်ပိဿာဈေးမှာ ယနေ့ ၅၅၀၀ကျပ်ဖြင့် အတက်ဈေးတွင် ငြိမ်နေသည်။ ယခင်အပတ်က ဈေးတက်သည့် ကျူကုတ်ကြက်သွန်မှာလည်း ဈေးဆက်တက်နေပြီး ယခင်အပတ်က တစ်ပိဿာ ၁၄၅၀၀ကျပ်စျေးရှိရာမှ ယနေ့ ၁၅၃၀၀ကျပ် ဖြစ်လာသည်။ တစ်ပတ်အတွင်း ကျူကုတ်ကြက်သွန်တစ်ပိဿာ […]

ကျပ်တစ်သိန်း ဘတ် ၆၀၀ အောက်ရောက်ရှိ၊ ကျပ်ငွေတန်ဖိုး စံချိန်တင်ကျ

Dawei Watch

August 9, 2024

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ကျပ်တစ်သိန်းလျှင် ထိုင်းငွေ ဘတ်ခြောက်ရာအောက်သို့ စံချိန်တင်ကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယနေ့ (ဩဂုတ် ၉) နံနက်ပေါက်ဈေးအရ မြန်မာငွေတစ်သိန်းလျှင် ၅၉၀ ဘတ်သာရှိတော့သောကြောင့် ထိုင်းငွေတစ်ဘတ်လျှင် ၁၆၉ ကျပ်ဈေး ဖြစ်သွားသည်။ ဩဂုတ်လ ၈ ရက်နေ့ကမူ မြန်မာငွေတစ်သိန်းလျှင် ၆၅၀ ပေါက်ဈေးရှိခဲ့ပြီး ယနေ့တွင် ကျပ်ငွေတန်ဖိုးဆက်တိုက် ကျဆင်းလာခြင်းဖြစ်သည်။ ယနေ့ပေါက်ဈေးဖြစ်သည့် ကျပ်တစ်သိန်းလျှင် ၅၉၀ ဘတ်မှာ ကျပ်ငွေမှ ဘတ်ငွေလဲလှယ်ရာတွင်ရသည့်နှုန်းထား ဖြစ်ပြီး ဘတ်ငွေမှ ကျပ်ငွေလဲလှယ်ပါက ၆၂၀ ဘတ်လျှင် ကျပ်တစ်သိန်းပေါက်ဈေးရှိသည်။ ငွေလွှဲရာတွင် ဝန်ဆောင်ခအနေဖြင့် ကျပ်တစ်သိန်းလျှင် ၁၅ ဘတ်မှ ဘတ် ၃၀ အထိ ဈေးခွာထားလေ့ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စစ်ကောင်စီက ငွေကြေးလိုအပ်ချက်များပြားလာသည့်အတွက် ငွေစက္ကူအသစ်ရိုက်ထုတ်ခြင်း၊ ဘဏ်များအပေါ် […]