BREAKING
October 18, 2025

Breaking News

ထားဝယ်မြို့ပေါ် ညပိုင်း ပစ်ခတ်မှုဖြစ်

Dawei Watch

January 31, 2024

ထားဝယ်မြို့ပေါ် တွင် ယခုည တိုက်ပွဲအသွင် နှစ်ဖက်အပြန်လှန် ပစ်ခတ်မှုဖြစ်ပွားလျက်ရှိသည်။ ထားဝယ်မြို့ အနောက်တောင်ဘက် မြစ်ကမ်းဘေး ပစ်ခတ်မှု ဖြစ်နေခြင်းဖြစ်သည်။ “ဘုမ္မော်နဲ့ စောမိညိုကြား ဟိုဖက်ဒီဖက်ပစ်နေကြတာ” ဟု ပစ်ခတ်သံများကို ကြားနေရသူ မြို့ခံတစ်ဦးက ဆိုသည်။ ဘုမ္မော်နှင့် စော်မိညိုကြား နေရာမှာ ထားဝယ်မြို့ အနောက်ဘက် မြစ်ကမ်းလေးရှိ ရပ်ကွက်များဖြစ်သည်။ ယခုည ကိုးနာရီခွဲ အချိန်မှစပြီး ပစ်ခတ်နေခြင်းဖြစ်ပြီး အရေးပေါ်ကားအသံလည်း ကြားနေရသည်ဟု မြို့ခံတို့က ပြောသည်။ မြို့ အနောက်တောင်ဘက် လယ်ကွင်း တစ်ခွင်တွင် ဒရုန်းပျံသန်းမှုများ၊ မြစ်အတွင်းမှ ရေယာဉ် ပစ်ခတ်မှုများကြားနေရကြောင်း မြို့ခံထံများထံမှ သိရသည်။ ည ဆယ်နာရီခွဲခန့်တွင် ပစ်ခတ်သံများ တိတ်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။ “ပစ်နေတာကတော့ အများကြီး။ အတွဲလိုက်ကိုဆော်နေတာ။ အခုကိုကြားနေရသေးတယ်” ဟု […]

ပြည်သူ့ကာကွယ်ရေးတပ်များ မောင်းမကန် ရဲစခန်းကို ဝင်တိုက်

Dawei Watch

January 31, 2024

ပြည်သူ့ကာကွယ်ရေး တပ်များက စစ်ကောင်စီ၏ မောင်းမကန်မြို့နယ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေသဖြင့် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် ယနေ့(ဇန်နဝါရီ ၃၁) နံနက် ၆ နာရီခန့်မှစပြီး တိုက်ပွဲဖြစ်ပွားနေသည်။ “စောစောကတည်းက လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ပါ ပစ်နေကြတယ် “ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် မောင်းမကန်ဈေးနှင့် လမ်းမများတွင် သွားလာသူကင်းမဲ့နေကြောင်း ဒေသခံများထံမှသိရသည်။ အသေးစိတ်အခြေအနေကို ဆက်လက်ဖော်ပြပေးသွားပါမည်။ မနေ့(ဇန်နဝါရီ ၃၀)ကလည်း မောင်းမကန်ရဲစခန်းကို ဒရုံးဖြင့် ဗုံးချတိုက်ခိုက်ခဲ့သလို လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့နယ်စစ်ဘက်ရေးရာ လုံခြုံရေးရုံး(စရဖ)နှင့် မြို့နယ်ထွေအုပ်ရုံးတို့ကို တိုက်ခိုက်ခဲ့ရာတွင် ၅ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်နေသဖြင့် ပုလောတွင် ခရီးသည်ကားများ ပိတ်မိနေ

Dawei Watch

January 30, 2024

မြိတ် – ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ပုလောမြို့တွင် ခရီးသည်ကားများ ပိတ်မိနေကြောင်း မြို့ခံအချို့ကပြောသည်။ ပလမြို့၊ မီးလောင်ချောင်းကျေးရွာအနီးဝန်းကျင်တွင် ယနေ့နံနက်ပိုင်းမှစပြီး တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသည်တင်ကားများ ပိတ်မိနေခြင်းဖြစ်ကြောင်း ပိတ်မိနေသည့် ခရီးသည်တစ်ဦးက ပြောဆိုသည် မီးလောင်ချောင်းရွာသည် ပုလောမြို့နယ် ပလမြို့အလွန် မြိတ်မြို့နယ်နှင့် ပလမြို့နယ်ခွဲအစပ်တွင် ရှိသည့် ကျေးရွာဖြစ်သည်။ “(ပုလောမြို့ပေါ်) ပိတ်မိနေတဲ့ ကားတန်းကြီးကတော့ အရှည်ကြီးပဲ၊ အခုထိတော့ သွားခွင့်မပေးသေးဘူး” ဟု ၎င်းက ယနေ့နံနက် ၁၀ နာရီကျော်အချိန်က ပြောဆိုသည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ လေကြောင်းသုံးတိုက်ခိုက်နေကြောင်း သတင်းထွက်ပေါ်လျက်ရှိသော်လည်း Dawei Watch အနေဖြင့်အတည်ပြုနိုင်ခြင်းမရှိသေးပေ။ “လေယာဉ်ပျံနေတာတော့ရှိတယ်။ ဗုံးကျဲလား၊ မကျဲလားတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ အဆက်အသွယ်တွေက ပြတ်နေတာ” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးကဆိုသည်။ တိုက်ပွဲဖြစ်ပွားနေသည်ဟုဆိုသည့် […]

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်

Dawei Watch

January 30, 2024

လောင်းလုံးမြို့ပေါ်တွင် ယနေ့ ဇန်နဝါရီ ၃၀ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်ကစပြီး တိုင်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့ပေါ်တွင်ရှိသော စစ်ကောင်စီတပ်တပ်စွဲထားသည့် ရဲစခန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေကြခြင်းဖြစ်ကာ လောင်းလုံးမြို့ပေါ် လမ်းမများတွင် ဖြတ်သန်းသွားလာသူကင်းမဲ့နေကြောင်း ဒေသခံတို့က ဆိုသည်။ နှစ်ဖက်ပစ်ခတ်မှုမှာ ယနေ့ နံက် နက် ၆ နာရီဝန်းကျင်ကနေ ၁၀ နာရီ ဝန်းကျင်အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်းဒေသခံတို့က ပြောသည်။ အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တနင်္သာရီတိုင်း၏ ပထမဆုံးစခန်းသိမ်းတိုက်ပွဲအဖြစ် ကျောက်ထုစခန်းကို သိမ်းပိုက်

Dawei Watch

January 25, 2024

တနင်္သာရီတိုင်းအတွင်း ပထမဆုံး စခန်းသိမ်းတိုက်ပွဲအဖြစ် ထားဝယ်အရှေတောဒေသရှိ စစ်ကောင်စီ၏ ကျောက်ထုစခန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း Dawei Watch က စုံစမ်းသိရှိရသည်။ ကျောက်ထုစခန်းမှာ ဘန်းချောင်းဒေသတွင် တည်ရှိပြီး စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မေးမြန်းနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများထံ ဆက်သွယ်နေဆဲဖြစ်သည်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်အရ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရသည်။ ထို့အပြင် အဆိုပါတပ်စခန်းမှ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိထားသည့် ပုံများလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည်။

ထိုင်းတွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံး

Dawei Watch

January 17, 2024

ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်ရှိ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၈ ဦးအထိ ရှိလာခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုသည် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောအချိန်တွင် စက်ရုံအတွင်း အလုပ်သမား ၂၀ ကျော်အထိ အလုပ်လုပ်ကိုင်နေကြောင်း ဖော်ပြထားသည်။ ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၈ ဦးအထိ ရှိလာသလို သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုကြောင့် အလောင်းစများ ပြန့်ကျဲနေသဖြင့် အရေအတွက် တိတိကျကျ မသိနိုင်သေးဘဲ စက်ရုံ၏ အဆောက်အအုံတစ်ခုလုံး လုံးဝ ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။ သေဆုံးသူများ၏ အချက်အလက်များကို တိတိကျကျမသိရသေးသဖြင့် မြန်မာအလုပ်သမားများ ပါဝင်ခြင်းရှိမရှိကို မသိရှိရသေးပေ။ လက်ရှိအချိန်တွင် […]

ထားဝယ်တွင် ကွမ်းယာဆိုင်အတွင်း လက်ပစ်ဗုံးဖြင့်ပစ်သူ ၂ ဦးကိုဖမ်းဆီး

Dawei Watch

January 2, 2024

ထားဝယ်မြို့ပေါ်တွင် ယနေ့(ဇန်နဝါရီ ၂)နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ကွမ်းရာဆိုင်အတွင်း လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်သူ နှစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ကနဦးသတင်းများ အရသိရသည်။ ဗျောတောဝ ရပ်ကွက်၊ရွာလယ်ဇရပ် အနီးရှိ ကွမ်းယာရောင်းသည့် ဆိုင်အတွင်းသို့ အမျိုးသား နှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရာတွင် ဗုံးမပေါက်သွားဘဲ ပစ်ခတ်သူများကို အနီးအနားရှိသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဗုံးက နှစ်လုံးလို့ သိရတယ်” ဟု၎င်းကပြောသည်။ ဗုံးပစ်ခတ်မှုဖြစ်ပြီးနောက် ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး အဆိုပါဗုံးကို ရှင်းလင်းကာ စစ်ဆေး‌မေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လောင်းလုံး စစ်ပြဲနှင့် လေးသွန်းခံရွာ မီးရှို့ခံနေရ

Dawei Watch

December 28, 2023

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံအချို့ကပြောသည်။ စစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ ၂၈) နံနက်ပိုင်းမှစပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ပြဲရွာနှင့် လေးသွန်းခံရွာတို့သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ညနေ ၅ နာရီဝန်းကျင်တွင် ယင်းကျေးရွာများကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ မီးရှို့ခံရသည့်နေအိမ်များမှာ စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲအနောက်ပိုင်းတံတားအနီးရှိ နေအိမ်နှစ်ဆောင်နှင့် တစ်ဆက်တည်းရှိနေသည့် လေးသွန်းခံကျေးရွာ ဆင်းအိုင်ရွာထဲမှ နေအိမ်အချို့ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ‌အနီးအနားရှိ ကျေးရွာ ၇ ရွာမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။