BREAKING
December 3, 2025

Breaking News

တနင်္သာရီတိုင်းအတွင်းသို့လာသည့် ပြည်တွင်းခရီးသွားများ ကျူ ဝင်ရန်မလိုတော့

diz_admin

July 3, 2020

တနင်္သာရီတိုင်းအတွင်းသို့ ပြည်တွင်းမှ လာရောက်သူများအနေဖြင့် စောင့်ကြည့်ရေး စခန်း (ကျူ) ဝင်ရန် မလိုအပ်တော့ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ ပြည်တွင်းနေသူများအနေဖြင့် ကျူဝင်ရန်မလို သကဲ့သို့ ထောက်ခံစာလည်း မလိုအပ်တော့ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် ပြည်ပမှ ပြန်လာသူများကမူ မဖြစ်မနေ ကျူဝင်ရမည်ဖြစ်ကြောင်း ဦးကျော်မင်းက ပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်မြို့နယ်နေသူများကို Stay Home အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထို့အပြင် တနင်္သာရီတိုင်း ကိုဗစ်အရေးပေါ်တုန့်ပြန်ရေးကော်မတီကလည်း ဇူလိုင်လ ၁ ရက်နေ့တွင် အမိန့်ကြေညာ ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ကြေညာချက်တွင်လည်း ပြည်ပပြန်များသာ ကျူဝင်ရမည်ဟု ဖော်ပြထားပြီး ပြည်တွင်းမှလာသူများနှင့်ပတ်သက်သည့် ညွှန်ကြားချက်တစ်စုံတစ်ရာ မပါရှိပေ။ ထိုကြောင့် […]