ဘုံပျောက်၊ ဗိုက်မှောက်နေရတဲ့ ကိုဗစ်ကာလ ဇာတ်သမားများ
diz_admin
November 26, 2020ကိုဗစ်ကာလထဲမှာ ထားဝယ်မြို့ နယ်သဘင်အစည်းအရုံးဟာ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းတစ်ခုလားလို့ တောင် ထင်စရာဖြစ်ပါတယ်။ အစည်းအရုံးရဲ့ ခြံဝင်းထဲ စဝင်ဝင်ချင်းမှာ ရုံးရဲ့ဝရန်တာမှာ ကလေးပုခက်လွှဲနေတဲ့ အသက် ၉၀ ကျော်အဖွားတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ အဲဒီ နေရာက လူတစ်ယောက်ကျောတစ်ခင်းစာလောက်သာ ကျယ်တာပါ။ မေးကြည့်တော့ လူနှစ်ယောက်အိပ်တဲ့နေရာတဲ့။ သူ့နဲ့မျက်နှာချင်းဆိုင်မြေကြီးပေါ်မှာတော့ ဇာတ်ပွဲသုံး သံသေတ္တာတွေ၊ မီးဖိုချောင်သုံး အိုးခွက်တွေက အမြင့် ငါးပေလောက်ရှိတဲ့ သဘင်းအစည်းအရုံးရဲ့ ခြံစည်ရိုးထက်တောင်မြင့်နေပါသေးတယ်။ အဲဒီနေရာမှာက သူတို့ရဲ့မီးဖိုချောင်။ အဲဒီဘေးမှာက အမျိုးသားတစ်ဦးက တဗွမ်းဗွမ်းနဲ့ ရေချိုးနေပါတယ်။ သဘင်အစည်းအရုံးအဆောက်အဦးရဲ့ ဘေးဘယ်ညာနှစ်ဘက်စလုံးမှာရှိတဲ့ လူနေလို့ရတဲ့နေရာတွေဖြစ်တဲ့ ဝရန်တာ၊ ပစ္စည်းထားခန်းတွေမှာ ဖြစ်သလို နေနေကြတဲ့ ကလေးလူကြီး တစ်ဆယ် ကျော်လောက်ကို တွေ့ရပါတယ်။ အမိုးနဲ့ အခင်းကလွဲပြီး အကာမရှိပါဘူး။ “အခုဆိုရင် လေတိုက်လည်းနေ။ မိုးလင်း ငါးနာရီထိုးတာနဲ့ […]


