လက်ရုံးရည်၊ နှလုံးရည်နှင့် ဓလေ့အသစ်ဆီသို့
Dawei Watch
October 7, 2023“စစ်တပ်မရှိရင် တိုင်းပြည်ဘာဖြစ်သွားမလဲ” ဆိုတဲ့ ခြောက်လုံးလှန့်လုံးတွေကို အရင်နှစ်တွေထဲမှာ အမြင်ကပ်လောက်အောင်ကို ကြားခဲ့ကြဖူးပါလိမ့်မယ်။ စစ်တပ်ဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူအဖြစ် သူ့ကိုယ်သူ သဘောထား ဒါမှမဟုတ် အတင်းနေရာဝင်ယူခဲ့တာ နှစ်ပေါင်းများစွာပါပဲ။ ဒီအမြင်ကို လူထုအကြား စိမ့်ဝင်လက်ခံ၊ စွဲမြဲနေအောင်ကိုလည်း စစ်ခေါင်းဆောင်တွေက ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ စစ်တပ်မရှိလည်း ဖြစ်တယ်ဆိုတာကို ၂၀၂၁ ခုနှစ်အလွန်မှာတော့ ရုန်းထပြခဲ့ကြပါပြီ။ “ငါတို့ပြည်သူတွေဟာ ကိုယ့်ဘာသာ စစ်တပ်ကြီးတစ်ခု တည်ထောင်နိုင်တယ်” လို့ သက်သေထူပြခဲ့ကြပါတယ်။ မကြာသေးခင်ကပဲ စာအုပ်ကလေးတစ်အုပ်ကို ဖတ်ခဲ့ရပါတယ်။ ‘မြန်မာ့နိုင်ငံရေး အတွေးအခေါ’ ဆိုတဲ့ စာအုပ်ပါးကလေးပါပဲ။ သမိုင်းသုတေသီလည်းဖြစ်၊ လက်ရှိမှာ ဗီအိုအေမြန်မာပိုင်းအစီအစဉ်ကနေ နိုင်ငံရေးသုံးသပ်ချက်တွေကို ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေသူလည်းဖြစ်တဲ့ ဦးအောင်ခင်ရဲ့ ကောက်နုတ်တင်ပြချက် စာအုပ်ကလေးဖြစ်ပါတယ်။ မူးရင်းကတော့ ရန်ကုန်တက္ကသိုလ်ပါမောက္ခဟောင်း နာမည်ကျော်သမိုင်းပညာရှင် ဒေါက်တာမောင်မောင်ကြီး ရေးသားပြုစုတဲ့ BURMESE […]


