ကိုရိုနာညောင်ရေ
diz_admin
May 11, 2020“ကဆုန်လ ညောင်ရေသွန်းပွဲ”ကဆုန်လပြည့်နေ့တိုင်း ဘုရားနှင့် ညောင်ပင်အား ရေသွန်းကြသည်က ရာစု နှစ်ချီခဲ့ပြီ။ ဗုဒ္ဓဘုရားရှင်၏ အသုံးအဆောင် ပရိဘောဂစေတီ ဗောဓိညောင်ပင် ရေသွန်း လောင်းပွဲက အရပ်ဒေသအသီးသီးတွင် ဆင်နွှဲသည့်ပွဲတော် ဖြစ်သည်။ အချို့က သူ့အရပ်နှင့်သူ့ဇာတ် ပျော်ပွဲ၊ ရွှင်ပွဲများထည့်သွင်းကျင်းပကြသည်။ အချို့ရပ်ရွာများတွင်ကား မိမိတို့ ရပ်ရွာ၏ ရာဇဝင်များ၊ ရိုးရာဓလေ့များကို ပုံဖော်ကြ၊ ကပြဖျော်ဖြေကြသည်။ ယခုတော့ အဖြစ်က မနှစ်ကနှင့်ပင် မတူတော့ပါ။ ကိုရိုနာရောဂါပိုးက ဖြစ်နေ၊ ရှိနေကျ ထုံးတမ်းအစဉ်အလာ အားလုံးကို ယူသွားပြီ။ သင်္ကြန်ကိုလည်း အလွတ်မပေးသကဲ့သို့ ကဆုန်ညောင်ရေ သွန်းပွဲလည်း မချန်ပါ။ တစ်နှစ်တစ်ခါ လည်သာ ရှိသေးသော်လည်း မှတ်မှတ် ရရ ပြန်ပြောင်းပြောစရာများပင် ဖြစ်နေ တော့သည်။ တနင်္သာရီတိုင်း၏ အချို့ဒေသ ညောင်ရေသွန်းပွဲတော်များ၏ စည်ချက် ကား […]


