ထားဝယ်ဘူတာကြီးရဲ့ မီးရထားလွမ်းချင်း
diz_admin
February 8, 2021ခြောက်ကပ်တိတ်ဆိတ်နေတဲ့ ထားဝယ်မြို့က ဇလွန်းဘူတာရုံကြီးမှာ ဥသြဆွဲသံ မကြားရတာ တစ်နှစ်နီးပါး ကြာခဲ့ပါပြီ။ အရင်ကတည်းက အရှုံးခံ ပြေးဆွဲနေတယ်ဆိုတဲ့ မော်လမြိုင်-ရေး- ထားဝယ် မီးရထားကြီးဟာ ကိုဗစ်ဖြစ်ပြီး ကတည်းက လုံးဝ နားထားရတာပါ။ မီးရထားစတင်ပေးဆွဲစဉ်အချိန်က ထိုင်ခုံနေရာ မရသူတွေ၊ လက်မှတ် ပြည့်သွားတဲ့အတွက် လက်မှတ်မရ တော့တဲ့အထိ မီးရထားစီးသူတွေ များပြား ခဲ့တာပါ။ ထားဝယ်ကနေ ရေး-မော်လမြိုင်ထိ ခရီးရှည်သွားသူတွေရှိ သလို ခရီးတိုလိုက်ပါစီးနင်းသူ ဒေသခံ တွေလည်းရှိပါတယ်။ မီးရထားစီးတဲ့ ခရီးသည်တွေ များတဲ့ အချိန်က ထမင်းဆိုင်၊ စားသောက်ဆိုင်တွေလည်း ရောင်းကောင်းသလို တည်းခိုခန်းမှာလည်း အမြဲလို လူပြည့် နေတယ်လို့ ဆိုပါတယ်။ သုံးဘီး တက္ကစီဆွဲသူ၊ ဆိုင်ကယ်တက္ကစီဆွဲသူတွေလည်း မီးရထားကို အမှီပြုပြီး အလုပ်အကိုင်တွေ တစ်ခေတ်ကောင်းခဲ့ ပါသေးတယ်။ ၂၀ဝ၇-၂၀ဝ၈ […]


