ကနက်သီရီဋီကာ
Dawei Watch
March 14, 2026တလောက Tanintharyi Gallery ဆိုတဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုမှာ “ထားဝယ်ဒေသအတွင်းက စိတ်ဝင်စားဖွယ် ရပ်ရွာအမည်တွေ”ဆိုတဲ့ခေါင်းစဥ်နဲ့ ပိုစ့်တစ်ခုကို တွေ့ရပါတယ်။ ဒီပိုစ့်ကိုဖတ်ရတော့ ကျနော်လည်း ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဇာတိကို သတိရလွမ်းဆွတ်တဲ့စိတ်ကလေးဖြစ်လာပြီး ကိုယ့်ရွာနာမည်နဲ့ ပတ်သက်လို့ တွေးတောစဥ်းစားကြည့်ဖြစ်ပါတယ်။ ဒါကတော့ ဇာတိချက်ကြွေမွေးရပ်မြေ ကနက်သီရိဆိုတဲ့ နာမည်အကြောင်းပါ။ ကနက်သီရိမြို့ ဆိုတာ ထားဝယ်ဒေသရဲ့သမိုင်းဝင် ရှေးဟောင်းမြို့ ၁၈ ခုထဲက တစ်ခုဖြစ်ပါတယ်။ ယခုသရက်ချောင်းမြို့နယ်အတွင်းမှာတည်ရှိပြီး ထားဝယ်မြစ်ဝနဲ့ အက်ဒမန်ပင်လယ်ပြင်ကြီးကို မေးတင်ထားတဲ့ စည်းကားလှတဲ့ ပင်လယ်ကမ်းခြေရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ ယခင်က မင်းနေပြည်တော်အဖြစ် မြို့တည်ခဲ့တယ်ဆိုပေမယ့် ယနေ့ခေတ်မှာတော့ ရွာအဖြစ်သာ ကျန်ရှိပါတော့တယ်။ ကနက်သီရိမြို့ကို ဓမ္မသေနမင်း၊ ကောရမ္ဘမင်းနဲ့ နဂါးဇင်းမင်းတို့က သာသနာသက္ကရာဇ် (Buddhist Era – B.E.) ဘီအီး ၂၃၈ ခုနှစ်မှာ တည်ထောင်တယ်လို့ သိရပါတယ်။ […]


