ကိုဗစ်ကြားက ခရီးသည်
diz_admin
June 15, 2020နံနက် ၄ နာရီထိုးသည်နှင့် မလွှဲတောင်ဂိတ်မှာ စတင်လှုပ်ရှားလာပြီဖြစ်သည်။ လူတန်းရှည်ကြီး ဖြစ်လာသည်။ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ကို ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်၌ တန်းစီနေသည့်လူတန်းကြီးက မျက်စိတစ်ဆုံး။ တန်းစီနေသူများထဲတွင် ရင်ခွင်ပိုက်ကလေးကို ထွေးပွေ့ထားသည့် အမျိုးသမီးများ အပါအဝင် အသက် ၇၀ ကျော်အရွယ်အထိ အသက်အရွယ်အမျိုးမျိုး ပါဝင်သည်။ ကိုဗစ်ကပ်ဘေးကြောင့် တိုင်းကျော်ပြေးဆွဲသည့် ခရီးသည်တင်ကားများ ပိတ်ထားရာမှ ဇွန်လ ၃ ရက်နေ့မှစတင်ကာ ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့သည်။ ထိုသို့ပြေးဆွဲခွင့်ပြုလိုက်ခြင်းကြောင့် တနင်္သာရီတိုင်းအတွင်းသို့ ခရီးသည်များ အများအပြား ဝင်ရောက်လာသည်။ သို့ရာတွင် တနင်္သာရီတိုင်းအတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန် ထားသည်။ ယင်းသို့ထုတ်ပြန်ထားသဖြင့် မလွှဲတောင်ဂိတ်ကို ဖြတ်မည့်ကားများက ည ၁၂ နာရီကျော်ချိန်တွင် ဖြတ်သန်းခွင့်မရတော့ဘဲ […]