BREAKING
June 2, 2025

ကြက်သွန်နီနှင့် ငရုတ်ဈေးကျပြီး ကြက်သွန်ဖြူဈေးတက်သည့် ထားဝယ်ဈေးကွက်

May 31, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီနှင့် ငရုတ်သီးခြောက်ဈေးကျပြီး ကြက်သွန်ဖြူ (ကြူကုတ်) အမျိုးအစားမှာ ဈေးနှုန်းမြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ် မေလ ၂၄ ရက်က ကြက်သွန်နီ(မြစ်သား) တစ်ပိဿာ ၃၅၀၀ကျပ်ရှိရာမှ မေလ ၃၁ ရက်တွင် တစ်ပိဿာ ၃၀၀၀ကျပ်၊ ရွှေအပ်ငရုတ်သီးခြောက်တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၀၅၀၀ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။

တစ်ပတ်အတွင်း ကြက်သွန်နီ(မြစ်သား) နှင့် ရွှေအပ်ငရုတ်သီးခြောက်တို့မှာ တစ်ပိဿာလျှင် ၅၀၀ကျပ်စီ စျေးကျသွားသည်။

ကြက်သွန်ဖြူ(ကြူကုတ်)အမျိုးအစားမှာမူ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး မေလ ၂၄ ရက်က တစ်ပိဿာ ၁၃၅၀၀ကျပ်မှ မေလ ၃၁ ရက်နေ့တွင်မူ တစ်ပိဿာ ၁၄၀၀၀ကျပ်ဖြစ်သွားသည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၅၀၀ ဈေးတက်သွားခြင်းဖြစ်သည်။

ကြက်သွန်နီ ရိုးရိုးနှင့် ကြက်သွန်ဖြူ ထူး ၄ တို့၏ဈေးနှုန်းများမှာ ဇယားပါအတိုင်းဈေးငြိမ်နေသည်ကိုတွေ့ရသည်။

ထို့အတူ ပြည်တွင်းထုတ် စားသုံးဆီတစ်မျိုးဖြစ်သည့် အမေထွားတံဆိပ် ပဲဆီအမျိုးအစားမှာ ဈေးတက်လျှက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ် မေလ ၂၄ ရက်က အမေထွားတံဆိပ် ပဲဆီ တစ်လီတာ ၁၂၅၀၀ကျပ်မှ မေလ ၃၁ ရက်တွင် တစ်လီတာ ၁၃၅၀၀ကျပ်ဖြစ်သွားသည်။ တစ်ပတ်အတွင်း ပဲဆီ တစ်လီတာ ကျပ် ၁၀၀၀ ဈေးတက်သွားသည်ကို တွေ့ရသည်။

ပြည်တွင်းထုတ်စားသုံးဆီ အခြားအမှတ်တံဆိပ်နှင့် ပြည်ပမှတင်သွင်းသည့် စားသုံးဆီဈေးနှုန်းများမှာ ဇယားပါအတိုင်းဈေးငြိမ်နေသည်ကို တွေ့ရသည်။