ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီဈေးကျလာပြီး ကြက်သွန်ဖြူ ဈေးမြင့်တက်နေသည်။
ပြီးခဲ့သည့် သီတင်းပတ် ဇန်နဝါရီလ ၂၅ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၄၅၀၀ ကျပ်မှ ဇန်နဝါရီလ ၃၁ ရက်တွင် ၂၅၀၀ ကျပ်သို့ ဈေးကျသွားသည်။
ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀၀ ကျပ် ဈေးပြန်ကျလာခြင်းဖြစ်သည်။
ကြက်သွန်ဖြူမှာမူ ဇန်နဝါရီလ ၂၅ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူထူး ၄ တစ်ပိဿာ ၉၅၀၀ကျပ်မှ ဇန်နဝါရီ ၃၁ ရက်တွင် ၁၀၀၀၀ကျပ်၊ ကြက်သွန်ဖြူထူး ၅ တစ်ပိဿာ ၁၀၅၀၀ကျပ်မှ ၁၂၀၀၀ ကျပ်သို့ အသီးသီးဈေးတက်သွားကြသည်။
တစ်ပတ်အတွင်း ကြက်သွန်ဖြူထူး ၄ တစ်ပိဿာလျှင် ၅၀၀ ကျပ်၊ ကြက်သွန်ဖြူထူး ၅ တစ်ပိဿာလျှင် ၁၅၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။
ကြက်သွန်ဖြူ (ကြူကုတ်)မှာလည်း တစ်ပိဿာ ၁၃၅၀၀ကျပ်စျေးရှိရာမှ ကျပ် ၅၀၀ ကျပ် စျေးကျကာ ၁၃၀၀၀ကျပ် ဖြစ်သွားသည်။
အာလူးမှာလည်း တစ်ပိဿာ ၇၅၀၀ကျပ်မှ ဇန်နဝါရီလ ၃၁ ရက်တွင် ၆၅၀၀ကျပ်သို့ စျေးကျလာသည်။ တစ်ပတ်အတွင်း ၁၀၀၀ ကျပ် စျေးကျသွားခြင်းဖြစ်သည်။
ထားဝယ်ဒေသထွက် ဆန်နှင့် တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အချို့မှာ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးဆက်လက်မြင့်တက်နေသည်ကို တွေ့ရမည်ဖြစ်သည်။










