ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေထွက်ကုန်ပစ္စည်းဈေးတက်သည့် ထားဝယ်ဈေးကွက်

March 30, 2025

ထားဝယ်တွင် ယခုသီတင်းပတ်အတွင်း ရေထွက်ကုန်ပစ္စည်းအချို့ ဈေးတက်လာသည်ကိုတွေ့ရသည်။

မတ်လ ၂၂ ရက်နေ့က ပုစွန်ချောကြီး တစ်ပိဿာ ၄၅၀၀၀ ကျပ်မှ မတ်လ ၂၉ ရက်နေ့တွင် တစ်ပိဿာ ၅၀၀၀၀ ကျပ်အထိဖြစ်သွားသည်။ ယင်းအပြင် ပုစွန် ချောလတ် အမျိုးအစားတစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်သို့ ဈေးတက်သွားသည်။

တစ်ပတ်အတွင်း ပုစွန်ချောကြီးတစ်ပိဿာ ၅၀၀၀ ကျပ်နှင့် ပုစွန်ချောလတ်တစ်ပိဿာ ၃၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ယခုသီတင်းပတ်အတွင်း ဈေးကွက်အတွင်းသို့ ပုစွန်အဝင်နည်း၍ ဈေးတက်ခြင်းဖြစ်ကြောင်း ထားဝယ်မြိုရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ကြသူများထံမှသိရသည်။

မီးဖိုချောင်သုံးပစ္စည်းအများစုမှာမူ ဇယားပါဈေးနှုန်းများအတိုင်းအတက်အကျမရှိ ဈေးငြိမ်နေသည်ကိုတွေ့ရသည်။

သို့သော် စင်္ကြာမင်းတံဆိပ် ရွှေဘိုပေါ်ဆန်း ဆန်ချော မှာ ယခုသီတင်းပတ်အတွင်း တစ်အိတ်လျှင် ကျပ် ၂၀၀၀ ဈေးတက်သွားသည်ကိုတွေ့ရသည်။

မတ်လ ၂၂ ရက်နေ့က ရွှေဘိုပေါ်ဆန်းဆန် စင်္ကြာမင်းအမှတ်တံဆိတ် တစ်အိတ်လျှင် ၁၈၅၀၀၀ ကျပ်မှ မတ်လ ၂၉ ရက်နေ့တွင်မူ ၁၈၇၀၀၀ ကျပ်သို့ဈေးတက်သွားသည်။