BREAKING
October 23, 2025

ကြက်သွန်ဖြူဈေးအနည်းငယ်တက်ပြီး အာလူးဈေးကျသည့် ထားဝယ်ဈေးကွက်

December 28, 2024

ထားဝယ်ဈေးကွက်တွင် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၈ ရက်အထိ တစ်ပတ်အတွင်း ဆန်အပါအဝင် စားသုံးကုန်အများစု စျေးငြိမ်နေသည်။

ထူး ၄ အမျိုးအစား ကြက်သွန်ဖြူမှာမူ ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် ဒီဇင်ဘာလ ၂၁ ရက်က ဈေးထက် ဒီဇင်ဘာလ ၂၈ ရက်တွင် တစ်ပိဿာလျှင် ကျပ်ငါးရာဈေးတက်သွားသည်။

ဒီဇင်ဘာလ ၂၁ ရက်က ထူး ၄ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၆၀၀ကျပ် စျေးရှိပြီး ဒီဇင်ဘာလ ၂၈ရက် ဈေးနှုန်းမှာ ၁၆၅၀၀ ကျပ် ဖြစ်သည်။

အာလူးမှာ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်ခြောက်ရာဈေးပြန်ကျလာသည်။

ဒီဇင်ဘာလ ၂၁ ရက်က အာလူးတစ်ပိဿာလျှင် ၇၆၀၀ကျပ်စျေးရှိရာမှ ဒီဇင်ဘာလ ၂၈ရက်တွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်သို့ ဈေးပြန်ကျသွားခြင်းဖြစ်သည်။

ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါးပုစွန်ဈေးနှုန်းမှာ ဇယားပါအတိုင်းဈေးငြိမ်နေသည်။

ဒီဇင်ဘာလ ၂၃ ရက်ကစပြီး ငါးကွန်းရှပ်အကြီး တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ပုစွန်ချောကြီး တစ်ပိဿာလျှင် ၄၀၀၀၀ကျပ် ဈေးဖြင့် ဈေးငြိမ်နေခြင်းဖြစ်သည်။