BREAKING
October 21, 2025

ဆန်ဈေးငြိမ်ပြီး ကြက်သွန်ဖြူဈေးဆက်ကျသည့် ထားဝယ်ဈေးကွက်

June 28, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ဈေးငြိမ်ပြီး ကြက်သွန်ဖြူဈေးကျနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် ဇွန်လ ၂၁ ရက်မှစ၍ အကယ်ဒမီ ရက် ၉၀ ဆန်တစ်အိတ်လျှင် ၁၂၆၅၀၀ကျပ်နှင့် ဆန် ချောအမျိုးအစားတစ်ခုဖြစ်သည့် အောင်သီဟ ဘေးကြားဧရာရှယ် ဆန်တစ်အိတ်လျှင် ၁၆၅၅၀၀ ကျပ်ဖြင့် စျေးငြိမ်နေသည်။

ကြက်သွန်ဖြူ (ကြူကုတ်) မှာ မူ ဇွန်လ ၁၄ ရက်မှစ၍ နှစ်ပတ်ဆက်တိုက် ဈေးကျနေသည်ကို တွေ့ရသည်။

ဇွန်လ ၁၄ ရက်က ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၁၃၀၀၀ကျပ်စျေးရှိရာမှ ဇွန်လ ၂၁ ရက်တွင် ၁၁၀၀၀ကျပ်သို့ ဈေးကျသွားပြီး ဇွန် လ ၂၈ ရက်တွင်မူ တစ်ပိဿာ ၉၅၀၀ကျပ်သို့ ဈေးဆက်ကျသွားသည်ကို တွေ့ရသည်။

ထို့ကြောင့် နှစ်ပတ်အတွင်း ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၃၅၀၀ ကျပ် ဈေးကျသွားခြင်းဖြစ်သည်။

ကြက်သွန်နီနှင့် ကြက်သွန်နီ မြစ်သား၊ ကြက်သွန်ဖြူ ထူး၄၊ ထူး၅ အမျိုးအစားများမှာ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရသည်။

ထားဝယ် ရေထွက်ကုန်ဈေးကွက်တွင်မူ ငါးများ ယခုသီတင်းပတ်အတွင်း ဈေးမြင့်တက်နေသည်ကို တွေ့ရသည်။

ဇွန်လ ၂၁ ရက်က ပါးတူး ခေါ် ငါးလုံး တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ဇွန်လ ၂၈ ရက်တွင် ၁၃၀၀၀ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၂၇၀၀၀ကျပ်၊ ငါးမဲလုံးတစ်ပိဿာ ၈၀၀၀ကျပ်မှ ၉၀၀၀ ကျပ်၊ ဖိုးထောမဲ တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်သို့ အသီးသီးဈေးတက်သွားသည်ကို တွေ့ရသည်။