ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောတောင်မြို့တွင် စစ်အုပ်စုရွေးကောက်ပွဲကို ဆန္ဒပြ

December 27, 2025

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မောတောင်မြို့တွင် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ယနေ့ (ဒီဇင်ဘာ ၂၇)မနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။

‘သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့’ ၊ ‘တရားမဝင် အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်’ ‘ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်’ စသည့် စာသားများကိုင်ဆောင်ကာ ဆန္ဒပြကြခြင်းဖြစ်သည်။

မောတောင်မြို့တည်ရှိသည့် တနင်္သာရီမြို့နယ်မှာ စစ်အုပ်၏ရွေးကောက်ပွဲ အပိုင်း ၂ တွင် ပါဝင်နေပြီး ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့၊ရပ်ကွက်၊ ကျေးရွာစာရင်းတွင် ပါဝင်သည်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသလို တနင်္သာရီမြို့နယ်အတွင်းရှိ နေရာအများစုကိုလည်း တော်လှန်ရေးအင်အားစုများက စိုးမိုးထိန်းချုပ်ထားသည်။