ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပတ္တယားကမ်းခြေတွင် မြန်မာတစ်ဦး ရေနစ်သေဆုံး

September 26, 2025

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားကမ်းခြေတွင် မြန်မာအမျိုးသားတစ်ဦး ရေနှင့်မျောပါသေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်က ကမ်းခြေတွင် သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူသည် အသက် ၃၄ နှစ်အရွယ် ကိုမြတ်ထက်သူဖြစ်ပြီး သေဆုံးချိန် ၂ နာရီခန့် ကြာပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိချက်အရ သိရသည်။

ကိုမြတ်ထက်သူသည် သူငယ်ချင်းများနှင့်အတူ ကမ်းခြေတွင် အရက်သောက်ခဲ့ကြပြီးနောက် တစ်ဦးတည်း ကမ်းခြေဘက်သို့ ထွက်သွားခဲ့ကြောင်း မျက်မြင်သက်သေ၏ ဖြေကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။

ယင်းနောက် သူသည် ပင်လယ်ထဲ ရေကူးဆင်းသွားခဲ့သည်ဟု ယူဆရပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သက်သေများကဆိုသည်။

အလောင်းကို တွေ့ရှိချိန်တွင် ပြင်ပဒဏ်ရာများ မတွေ့ရသဖြင့် ရေနစ်သေဆုံးသည်ဟု ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။

လက်ရှိတွင် အလောင်းကို ရင်ခွဲစစ်ဆေးနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Ref: Pattaya News, Chon Buri News