BREAKING
October 25, 2025

ဆန်နှင့် ငရုတ်သီးခြောက် ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

October 25, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်နှင့် ငရုတ်ပုခြောက် ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ် အောက်တိုဘာလ ၁၈ ရက်တွင် တိုင်းပြင်ပမှ တင်သွင်းလာသည့် အကယ်ဒမီ ရက် ၉၀ အမျိုးအစား ဆန်ကြမ်းတစ်အိတ်လျှင် ၈၂၅၀၀ကျပ်မှ အောက်တိုဘာလ ၂၅ ရက်တွင် ၈၄၅၀၀ကျပ်၊ ဆန်ချောအမျိုးအစား အောင်သီဟ အမှတ်တံဆိပ် တစ်အိတ်လျှင် ၂၁၇၅၀၀ ကျပ်မှ ၂၁၉၅၀၀ ကျပ်သို့ ဈေးတက်သွားသည်။

ထို့ကြောင့် ယခုသီတင်းပတ်အတွင်း ထား‌ဝယ်ဈေးကွက်တွင် စားသုံးသူများသည့် တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်မှာ ပျမ်းမျှအားဖြင့် တစ်အိတ်လျှင် ၂၀၀၀ ကျပ် ဈေးတက်သွားသည်ကို တွေ့ရသည်။

တိုင်းပြင်ပမှ တင်သွင်းသည့် အခြားအမှတ်တံဆိပ် ဆန်များမှာလည်း ဈေးမြင့်တက်လာသည်ကို ဇယားပါဈေးနှုန်းများအတိုင်း တွေ့ရှိရမည် ဖြစ်သည်။

ဒေသထွက် ထားဝယ်ဆန်အမျိုးအစားများဖြစ်သည့် ငစိန်၊‌ ကမာကြည်၊ ဆန်ရှည်၊ ထားဝယ်ပေါ်ဆန်းစသည့် ဆန်အမျိုးအစားများမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ငရုတ်ပုခြောက်မှာမူ ယခုသီတင်းပတ်အတွင်း တစ်ပိဿာလျှင် တစ်သောင်းကျပ် ဈေးမြင့်တက်သွားသည်။

အောက်တိုဘာလ ၁၈ ရက်က ထားဝယ်ဈေးကွက်၌ ငရုတ်ပု‌ခြောက်တစ်ပိဿာ ၂၆၀၀၀ကျပ် စျေးရှိရာမှ အောက်တိုဘာလ ၂၅ ရက်တွင် ၃၆၀၀၀ ကျပ်သို့ ဈေးတက်သွားသည်။

ကြက်သွန်နီ၊ ဆီနှင့် အခြားစာသုံးကုန်ပစ္စည်းများမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်လျက်ရှိသည်။

အလှူရာသီဖြစ်သောကြောင့် ထားဝယ် ရေထွက်ကုန်ဈေးကွက်တွင်မူ ပုစွန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေသည်။

အောက်တိုဘာလ ၁၈ ရက်က ပုစွန်ချော ဆိုဒ်ကြီးတစ်ပိဿာ ၄၅၀၀၀ကျပ်မှ အောက်တိုဘာ ၂၅ ရက်တွင် တစ်ပိဿာ ၅၀၀၀၀ ကျပ်သို့ ဈေးမြင့်တက်သွားခြင်း ဖြစ်သည်။