ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆန်နှင့် ကြက်သွန်ဖြူဈေးတက်ပြီး ကြက်သွန်နီဈေးကျသည့်ထားဝယ်ဈေးကွက်

March 23, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီဈေးကျပြီး ဆန်နှင့် ကြက်သွန်ဖြူဈေးမြင့်တက်နေသည်။

ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် ‌မတ်လ ၁၅ရက်တွင် ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ကျပ်မှ မတ်လ ၂၂ ရက်တွင် ၃၀၀၀ကျပ်၊ မြစ်သားကြက်သွန်နီတစ်ပိဿာ ၄၅၀၀ကျပ်မှ ၄၀၀၀ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။

တစ်ပတ်အတွင်း ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ်ငါးရာစီ ဈေးကျသွားသည်ကိုတွေ့ရသည်။

ရွှေဘိုပေါ်ဆန်း (အောင်သီဟ) တံဆိပ်ဖြစ်သည့် ဆန်ချောအမျိုးအစားမှာ ပြီးခဲ့သည့်သီတင်းပတ် မတ်လ ၁၅ ရက်‌က တစ်အိတ်လျှင် ၁၆၇၅၀၀ကျပ်မှ မတ်လ ၂၂ ရက်တွင် ၁၇၅၀၀၀ကျပ် ဖြစ်လာသည်။

တစ်ပတ်အတွင်း ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၇၅၀၀ ကျပ် ဈေးတက်ခြင်းဖြစ်သည်။

သို့သော် အခြားဆန်ချော အမျိုးအစားတစ်ခုဖြစ်သည့် မိုးပျံ မြောင်းမြ ပေါ်ဆန်းဆန်မှာ ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မတ်လ ၁၅ ရက်က တစ်အိတ်လျှင် ၁၃၃၀၀၀ကျပ်မှ မတ်လ ၂၂ ရက်နေ့တွင် ၁၂၉၀၀၀ကျပ်သို့ ဈေးကျသွားသည်။

တစ်ပတ်အတွင်း ဆန်တစ်အိတ်လျှင် ၄၀၀၀ကျပ် ဈေးပြန်ကျသွားခြင်းဖြစ်သည်။

ကြက်သွန်ဖြူ ဈေးနှုန်းများမှာ တစ်ပတ်အတွင်း တစ်ပိဿာ ၁၅၀၀ကျပ်စီ ဈေးမြင့်တက်သွားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ကြက်သွန်ဖြူထူး၄ တစ်ပိဿာ ၇၅၀၀ကျပ်မှ မတ်လ ၂၂ ရက်တွင် တစ်ပိဿာ ၉၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ထူး ၅ အမျိုးအစားမှာ တစ်ပိဿာ ၈၀၀၀ ကျပ်မှ ၉၅၀၀ ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။

အခြားစားဖိုဆောင် သီးနှံအချို့နှင့် ဆီဈေးမှာ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရမည်ဖြစ်သည်။