BREAKING
October 19, 2025

ဆေးဝင်ဖမ်းသည့် ဒုရဲအုပ်တစ်ဦး ဓားခုတ်ခံရ

January 23, 2021

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု အောင်မင်္ဂလာရပ်တွင် ဇန်နဝါရီလ ၇ ရက်နေ့က မူးယစ်ဆေးဝါး ဝင်ဖမ်းသည့် ဒုရဲအုပ်တစ်ဦး ဓားဖြင့် အခုတ်ခံရကြောင်း မြိတ်မြို့ မြိုမရဲစခန်းထံမှ သိရသည်။

ရှစ်ခန်းတွဲတန်းလျားရှိ အခန်းတစ်ခန်းအား မူးယစ်ဆေးသတင်းအရ မူးယစ်ဝရမ်းဖြင့် ဝင်ရောက်စဉ် အခန်းရှေ့ရှိ အမျိုးသားသုံးဦးအနက် တစ်ဦးက အသင့်ဝှက်ထားသည့် ဓားရှည်ဖြင့် ဖမ်းဆီးရေး အဖွဲ့တွင်ပါဝင်သည့် ဒုရဲအုပ်မြင့်ဇော်အား ခုတ်ပြီး ထွက်ပြေးသွားကြောင်း မြိုမရဲစခန်းမှ သိရသည်။

အမျိုးသားသုံးဦးအနက် ကျန်ရှိ သည့်နှစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့ပြီး ထွက်ပြေးသူအား ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။

“တနင်္သာရီမှာ သတင်းရလို့ သွားမိတာ” ဟု စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။

ဓားခုတ်ခံရသည့် ဒုရဲအုပ်တွင် ညာဘက်ဝမ်းဗိုက်ဘေး ပြတ်ရှဒဏ်ရာ၊ ညာဘက်လက်ခုံ လက်သန်းကြွယ်နှင့် လက်သန်းရိုးကျိုးပြတ် ဒဏ်ရာများရရှိပြီး မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါး ကုသမှုခံယူနေရကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)