ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်ဖြူဈေးကျပြီး ငရုတ်သီးအခြောက်ဈေး မြင့်တက်လာသည်။
ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထားဝယ်ဈေးကွက်၌ ကြက်သွန်ဖြူ ထူး ၄ တစ်ပိဿာ ၉၅၀၀ ကျပ်မှ ယခုသီတင်းပတ်ဖြစ်သည့် နိုဝင်ဘာ ၂၃ ရက်နေ့တွင် တစ်ပိဿာ ၈၅၀၀ကျပ်၊ကြက်သွန်ဖြူထူး ၅ တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၉၅၀၀ ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။
သို့သော် ရွှေအပ်ငရုတ်သီးအခြောက်မှာမူ ထားဝယ်ဈေးကွက်အတွင်း ဈေးမြင့်တက်လျက်ရှိသည်။
ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် နိုဝင်ဘာလ ၁၆ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ရွှေအပ်ငရုတ်သီးခြောက်တစ်ပိဿာ ၁၆၅၀၀ ကျပ်မှ နိဝင်ဘာလ ၂၃ ရက်နေ့တွင် တစ်ပိဿာ ၁၇၅၀၀ ကျပ် ဖြစ်သွားသည်။
ကြက်သွန်နီ၊ကြက်သွန်ဖြူ(ကြူကုတ်)နှင့်အာလူးတို့မှာမူ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။
ထို့အပြင်ယခုသီတင်းပတ်တွင် ထားဝယ်ဆန်အပါဝင် တိုင်းပြင်ပမှတင်သွင်းသည့် ဆန်ချောနှင့် ဆန်ကြမ်းအချို့မှာ ဇယားပါဈေးနှုန်းများအတိုင်းဈေးငြိမ်နေသည်။










