BREAKING
May 7, 2025

မြိတ်တွင် ကိုးလအရွယ် ကလေးငယ်တစ်ဦး ကိုဗစ်ဖြင့် ‌သေဆုံး

October 21, 2022

မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသရေးဆောင်တွင် ဆေးဝါးကုသမှုခံယူနေသည့် ကိုးလအရွယ်ရှိ ကလေးငယ်တစ်ဦး ယနေ့ (အောက်တိုဘာ ၂၁) သေဆုံးကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။

ကိုဗစ်ရောဂါဖြင့် သေဆုံးသည့် ကလေးငယ်မှာ တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ရွာက ဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ခံတစ်ဦးက ပြောပြသည်။

သေဆုံးသွားသည့် ကလေးငယ်ကို နာရေးကူညီမှု အသင်းတို့မှ ကလွင်သုသာန်တွင် မီးသင်္ဂြိုဟ် ပေးခဲ့ကြောင်း ယင်းအသင်းများထံမှ သိရသည်။

မြိတ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ကလည်း ကိုဗစ်ရောဂါဖြစ် အသက်ကြီး ရဟန်းတစ်ပါးပျံလွန်တော်မူခဲ့ပြီးဖြစ်သည်။

မြိတ်မြို့တွင် ယခုလအစမှ အောက်တိုဘာလ၂၀ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၃၆ ဦးရှိကြောင်း တိုင်းကျန်းမာရေးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းတွင် ဖော်ပြထားသည်။