ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်တွင် ကရင်လူငယ်တစ်ဦး စပါးကြီးမြွေကို လက်ဗလာဖြင့် ဖမ်းဆီးနိုင်၍ နာမည်ကြီးနေ

February 21, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်တိန်ဈေးတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ကရင်လူငယ်တစ်ဦးသည် စပါးကြီးမြွေကို လက်ဗလာဖြင့် ဖမ်းဆီးနိုင်သောကြောင့် လူအများချီးမွန်းနေကြပြီး အင်တာနက်လူမှုကွန်ရက်တွင် နာမည်ကြီးနေကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

လမ်းလယ်တွင် ပြေးနေသော စပါးကြီးမြွေ၏ အမြီးကို လက်ဖြင့် ဖမ်းဆွဲလာပြီး လမ်းဘေးတွင် ခေါင်းကို ပြန်ကိုင်၍ ထိန်းချုပ်နိုင်ခဲ့သည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းအရ သိရသည်။

မြန်မာလူငယ်သည် ခေါင်တိန်ဈေးတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း ခေါင်တိန်ဈေးရှိ မြန်မာနိုင်ငံသားများထံမှ သိရသည်။

မြန်မာလူငယ် စပါးကြီးမြွေဖမ်းဆီးနိုင်ခဲ့သော ရုပ်သံဖိုင်ကို cj_chop အကောင့်ပိုင်ရှင်က ဖေဖော်ဝါရီလ ၂၀ ရက်တွင် Tik Tok အကောင့်၌ တင်ထားခဲ့ပြီးနောက် နာမည်ကြီး လူသိများလာခြင်းဖြစ်သည်။

Ref: Khaosod, One News