BREAKING
November 11, 2025

ထားဝယ်တွင် ကြက်သွန်ဖြူဈေးပြန်ကျ

February 21, 2023

ကြက်သွန်ဟောင်းပြတ်ချိန် အတက်ကြမ်းခဲ့သည့်ကြက်သွန်ဖြူဈေးသည် ထားဝယ်ဈေးကွက်တွင် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဈေးပြန်ကျလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ကြက်သွန်ဟောင်းပြတ်ချိန်ဖြစ်သည့် ဒီဇင်ဘာလ ပထမပတ်ကစပြီး ဖေဖော်ဝါရီ ပထမပတ်အထိ တစ်လအတွင်း ကြက်သွန်ဖြူတစ်ပိဿာ ၄၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးတက်သွားသည်။

ယင်းနောက် ကြက်သွန်သစ် ဈေးကွက်ထဲ ဝင်ရောက်လာချိန်ဖြစ်သည့် ဖေဖော်ဝါရီလ ၁၀ ရက် နောက်ပိုင်းကစပြီး ဈေးပြန်ကျလာခြင်း ဖြစ်သည်။

ထားဝယ်ဈေးကွက်တွင် ဖေဖော်ဝါရီလ ၁၀ ရက်က ကြက်သွန်နီတစ်ပိဿာ ၆၅၀ဝကျပ်ရှိရာမှ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ၆၀၀ဝကျပ်ဖြစ်လာသဖြင့် တစ်ပိဿာလျှင် ၅၀ဝကျပ် ဈေးကျသွားခြင်းဖြစ်သည်။

“အဓိက ကြက်သွန်အသစ်ထွက်လာလို့ ဈေးကျသွားတာပါ” ဟု ထားဝယ်မြို့ရှိ စားသုံးကုန်ပွဲရုံ ပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိ ထားဝယ်မြို့ရှိ လက်ကားဈေးကွက်တွင် ဆယ်ပိဿာပါ ကြက်သွန်ဖြူ ထူးငါး အမျိုးအစား တစ်အိတ်ကို ၅၆၀ဝဝ ကျပ်၊ ထူးလေးအမျိုးစား တစ်အိတ်ကို ၅၃၀၀၀ ကျပ် ဈေးပေါက်နေသည်။

ကြက်သွန်ဖြူအပြင် ကြက်သွန်နီဈေးမှာလည်း ဆက်တိုက်ကျဆင်းနေသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလက ကြက်သွန်နီတစ်ပိဿာ ၅၀၀၀ ကျပ်နီးပါးအထိ ဈေးတက်ခဲ့ပြီး တစ်ဖြေးဖြေး ဈေးပြန်ကျ လာခဲ့ရာ ဖေဖော်ဝါရီလ ၂၁ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၁၅၀၀ ကျပ် ဝန်းကျင်ခန့်သာ ဈေးရှိတော့သည်။