BREAKING
October 18, 2025

နှစ်ပတ်ကြာ ပစ္စည်းပြတ်ပြီးနောက် ထားဝယ်တွင် ငရုတ်ပုခြောက်တစ်ပိဿာ ကျပ်တစ်သောင်းကျော်ဈေးတက်

September 20, 2025

ထားဝယ်တွင် ဩဂုတ်လနှောင်းပိုင်းကစပြီး စက်တင်ဘာလ ဒုတိယပတ်အထိ နှစ်ပတ်ကျော်ကြာ ပစ္စည်းပြတ်သွားသည့် ငရုတ်ပုခြောက်မှာ တစ်ပိဿာလျှင် ကျပ်တစ်သောင်းကျော် ဈေးတက်သွားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်က ထားဝယ်ဈေးကွက်တွင် ငရုတ်ပုခြောက်တစ်ပိဿာ ၁၇၅၀၀ကျပ်သာ စျေးရှိရာ နှစ်ပတ်ကျော်ကြာပြီးသည့်နောက် စက်တင်ဘာလ ၂၀ ရက်တွင်မူ ၂၇၀၀၀ကျပ် ဖြစ်သွားသည်။

ထို့အတူ ရွှေအပ်ငရုတ်ခြောက်ဈေးမှာလည်း စက်တင်ဘာလ ၁၃ ရက်က တစ်ပိဿာ ၁၄၅၀၀ကျပ်စျေးရှိရာမှ စက်တင်ဘာလ ၂၀ ရက်တွင် တစ်ပိဿာလျှင် ငါးရာကျပ်စျေးတက်ကာ ၁၅၀၀၀ကျပ် ဖြစ်လာသည်။

သို့သော် ကြက်သွန်ဖြူ (ကြူကုတ်) မှာမူ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ၁၅၀၀ကျပ် ဈေးပြန်ကျလာသည်။

ပြီးခဲ့သည့်သီတင်းပတ် စက်တင်ဘာလ ၁၃ ရက်တွင် ထားဝယ်ဈေးကွက်၌ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၂၀၀၀၀ကျပ်စျေးရှိရာမှ စက်တင်ဘာလ ၂၀ရက်တွင်မူ တစ်ပိဿာ ၁၈၅၀၀ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။

ဆန်နှင့် အခြားစားဖိုဆောင်သုံးကုန်အချို့မှ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရမည်ဖြစ်သည်။