BREAKING
October 21, 2025

စားဖိုဆောင်သီးနှံအချို့ ဈေးတက်သည့် ထားဝယ်ဈေးကွက်

July 19, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်ဖြူ (ကြူကုတ်) ၊ ရွှေအပ်ငရုတ်သီးခြောက်နှင့် အာလူးတို့ ဈေးတက်လျက်ရှိသည်။

ပြီးခဲ့သည့်သီတင်းပတ် ဇူလိုင်လ ၁၂ ရက်တွင် ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာဈေးမှာ ၁၁၅၀၀ကျပ်ဖြစ်ပြီး ဇူလိုင် ၁၉ ရက်တွင် တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ရွှေအပ်ငရုတ်ခြောက်တစ်ပိဿာဈေးမှာ ၁၀၅၀၀ကျပ်မှ ၁၁၅၀၀ကျပ်၊ အာလူးမှာလည်း တစ်ပိဿာ ၄၅၀၀ကျပ်မှ ၆၀၀၀ ကျပ်သို့ ဈေးတက်သွားကြခြင်းဖြစ်သည်။

ထို့ကြောင့်တစ်ပတ်အတွင်း ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၅၀၀ ကျပ်၊ ရွှေအပ်ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၁၀၀၀ ကျပ်နှင့် အာလူးတစ်ပိဿာ ၁၅၀၀ကျပ် ဈေးတက်သွားသည်။

ဆီနှင့် အခြား မီးဖိုချောင်သုံးကုန်အချို့မှာမူ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

ယင်းအပြင် ယခုသီတင်းပတ်အတွင်း ဆန်ဈေးမှာလည်း ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။