ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ကြမ်း နှင့်ကြက်သွန်ဖြူ ဈေးတက်လာသည်ကို တွေ့ရသည်။
ပြီးခဲသည့် သီတင်းပတ်ဖြစ်သည့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် အကယ်ဒမီရင် ၉၀ ဆန်ကြမ်းတစ်အိတ်လျှင် ၈၂၀၀၀ကျပ်မှ ယခုသီတင်းပတ်ဖြစ်သည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ၈၂၅၀၀ ကျပ်ဖြစ်သွားသည်။
ထို့ကြောင့်တစ်ပတ်အတွင်း အကယ်ဒမီ ရက်၉၀ ဆန်ကြမ်း တစ်အိတ်လျှင် ကျပ်၅၀၀ ဈေးတက်သွားသည်ကိုတွေ့ရသည်။
ထားဝယ်ဆန်နှင့် အခြားရန်ကုန်ဆန်အမျိုးအစားအများစုမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။
ထိုအတူ ကြက်သွန်ဖြူဈေးနှုန်းများမှာလည်း ယခုသီတင်းပတ်အတွင်း ဈေးတက်လာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကြက်သွန်ဖြူထူး၄ တစ်ပိဿာ ၈၅၀၀ကျပ်မှ အောက်တိုဘာလ ၁၈ ရက်နေ့တွင် တစ်ပိဿာ ၉၀၀၀ကျပ်၊ကြက်သွန်ဖြူထူး၅ တစ်ပိဿာ ၉၅၀၀ကျပ်မှ ၁၁၀၀၀ကျပ်သို့ အသီးသီးဈေးတက်လာသည်။
ထို့ကြောင့်တစ်ပတ်အတွင်း ကြက်သွန်ဖြူဈေးနှုန်းများမှာ အမျိုးအစားအလိုက် တစ်ပိဿာ၅၀၀ကျပ်မှ ၁၅၀၀ကျပ်အထိ ဈေးတက်သွားသည်ကို တွေ့ရသည်။
ကြက်သွန်နီအပါဝင် အခြားစားသုံးကုန်ပစ္စည်းများမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကိုတွေ့ရသည်။
သို့သော် ကထိန်အလှူရာသီအစတွင် ဈေးမြင်တက်ခဲ့သည့် ထားဝယ်ရေထွက်ကုန်ဈေးကွက်အတွင်းရှိ ရေထွက်ကုန်ပစ္စည်းများမှ ယခုသီတင်းပတ်အတွင်း ဈေးပြန်ကျလျက်ရှိသည်။


