ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘားအံဒေသခံတစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်းပေါက်

December 17, 2025

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က ဒေသခံတစ်ဦးသည် ဒီဇင်ဘာလ ၁၆ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီ အမြင့်ဆုံးဆု ဘတ်ခြောက်သန်း ကံထူးကြောင်း ထီရောင်းချသည့် ကိုယ်စားလှယ်ထံမှ သိရသည်။

အဆိုပါ ဘားအံဒေသခံသည် ထိုင်းထီ ပထမဆု ၇၆၃၈၉၅ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့သဖြင့် ဘတ် ခြောက်သန်း ကံထူးခြင်းဖြစ်သည်။

“အမဆီကနေ ထိုင်းထီထိုးတဲ့သူတွေထဲ ဘတ် ၆ သန်းပေါက်တာ နှစ်ကြိမ်ရှိပါပြီ” ဟု ထီကိုယ်စားလှယ်က ပြောသည်။

ထီပေါက်သော မြန်မာနိုင်ငံသားသည် ဘားအံမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သူဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒီဇင်ဘာလ ၁ ရက်က ဖွင့်လှစ်သည့် ထိုင်းထီတွင်လည်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာဇနီးမောင်နှံက ဘတ် ခြောက်သန်း၊ အခြား အလုပ်သမားတစ်ဦးက ဘတ် ၁၂ သန်း ကံထူးခဲ့သေးသည်။