BREAKING
May 22, 2025

ဖျားနာဆေးကုသခန်း ဖွင့်လှစ်သည့် သုံးလတာတွင် လူနာဦး‌ရေ ရှစ်ရာဦး‌ကျော် ကုသပေးခဲ့

September 17, 2020

မြိတ်မြို့ မြို့သစ်ရပ်ကွက်တွင် ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် ဖျားနာ အခမဲ့ဆေးကုသခန်း (Fever Client 4) တွင် သုံးလကြာအထိ လူနာဦး‌ရေ ရှစ်ရာဦး‌ကျော် ဆေးဝါးများ ကုသပေးနိုင်ခဲ့ကြောင်း ယင်းဆေးခန်း ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ဖျားနာဆေးကုသခန်းအား မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်)၊ မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြု ကော်မတီ၊ မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း( မြိတ်)တို့မှ ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်သည်။

ကြံချောင်းတွင် ဗိုလ်ချုပ်ပုံပေါ်သည်ဟုဆိုကာ လူအများနေ့စဉ်လာရောက် ကြည့်ရှု

ဖျားနာ အခမဲ့ဆေးကုသခန်းအား နှစ်လသာဖွင့်ရန် စီစဉ်ထားသော်လည်း ‌လိုအပ်ချက်အရ တစ်လထပ်တိုး ဖွင့် လှစ်ခဲ့ကာ ဆေးကုသခန်းနေရာနှင့် အခြား အခြေအနေတို့ကြောင့် သြဂုတ်လ ၂၉ ရက်နေ့မှစပြီး ယာယီပိတ်ခဲ့ရခြင်းဖြစ်ကြောင်း ယင်းဆေးကုသခန်း ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပြ သည်။

ဆေးခန်းဖွင့်ခဲ့သည့် ကာလအတွင်း လူနာ ၈၇၆ ဦး (မြိတ်ဆေးရုံကြီးသို့ လွှဲပြောင်းလူနာ ၁၄ ဦးအပါ) အား ဆေးဝါးကုသမှု ပေးနိုင်ခဲ့ပြီး အလှူရှင်တို့၏ လှူဒါန်းငွေ ကျပ်သိန်းတစ်ရာကျော်ခန့် အသုံးပြုခဲ့ရကြောင်း ဆေးကုသခန်းဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

Dawei Watch