BREAKING
October 19, 2025

ထားဝယ်ဆန်ရှည်(ဧည့်မထ)နှင့် ကြက်သွန်ဖြူဈေးတက်သည့် ထားဝယ်ဈေးကွက်

August 17, 2025

ထားဝယ်တွင် ယခုသီတင်းပတ်အတွင်း ထားဝယ်ဆန်ရှည် (ဧည့်မထ)အမျိုးအစားနှင့် ကြက်သွန်ဖြူ ဈေးတက်လာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် ဩဂုတ်လ ၉ ရက်နေ့က ထားဝယ်ဆန်ရှည်(ဧည့်မထ) အမျိုးအစား ဆန်တစ်အိတ်လျှင် ၄၄၀၀၀ ကျပ်သာရှိရာမှ ယခုသီတင်းပတ်ဖြစ်သည့် ဩဂုတ်လ ၁၆ ရက်နေ့တွင်မူ တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်ဖြစ်သွားသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ထားဝယ်ဆန်ရှည်(ဧည့်မထ)ဆန် အမျိုးအစားတစ်အိတ်လျှင် ၆၀၀၀ ကျပ် ဈေးတက်သွားသည်ကို တွေ့ရသည်။

ထို့အတူပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် ဩဂုတ်လ ၉ ရက်နေ့က ကြက်သွန်ဖြူထူး၄ တစ်ပိဿာ ၈၀၀၀ ကျပ်မှ ဩဂုတ်လ ၁၆ ရက်နေ့တွင် ၉၀၀၀ ကျပ်၊ ကြက်သွန်ဖြူထူး၅ တစ်ပိဿာ ၉၅၀၀ကျပ်မှ ၁၀၅၀၀ကျပ်၊ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၂၁၀၀၀ကျပ်သို့ အသီးသီးဈေးတက်သွားခြင်းဖြစ်သည်။

ထို့ကြောင့်တစ်ပတ်အတွင်းကြက်သွန်ဖြူထူး၄ တစ်ပိဿာ ၁၀၀၀ကျပ်၊ထူး၅ တစ်ပိဿာ ၁၀၀၀ကျပ်၊ကြူကုတ်(တစ်ပိဿာ) ၇၅၀၀ကျပ် ဈေးတက်သွားသည်ကိုတွေ့ရသည်။

အခြားစားဖိုဆောင်သုံးပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊အာလူး၊ငရုတ်ပုဈေးနှုန်းများမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ထားဝယ်ဈေးကွက်တွင် တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်ချော၊ဆန်ကြမ်း အမျိုးအစားများမှာ ယခုသီတင်းပတ်အထိ ဈေးကွက်တွင် ပြတ်လတ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။