BREAKING
May 17, 2025

ဆန်နှင့် ပြည်တွင်းထုတ်စားသုံးဆီဈေးတက်သည့် ထားဝယ်ဈေးကွက်

May 17, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်နှင့် ပြည်တွင်းထုတ်စားသုံးဆီများ ဈေးနှုန်းမြင့်တက်နေသည်။

အကယ်ဒမီ ရက် ၉၀ ဆန် အမျိုးအစားမှာ ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မေလ ၁၀ရက်က တစ်အိတ်လျှင် ၁၁၃၅၀၀ ကျပ်မှ မေလ ၁၇ ရက်တွင်မူ ၁၂၂၀၀၀ ကျပ် ဖြစ်လာသည်။

ယင်းအပြင် အကယ်ဒမီနွေ ဖြူသန့် ဆန်အမျိုးအစားမှာလည်း တစ်အိတ်လျှင် ၇၇၀၀၀ကျပ်မှ ၈၀၀၀၀ကျပ်၊ ဆင်းသုခ အမျိုးအစားဆန်မှာ တစ်အိတ်လျှင် ၁၀၀၅၀၀ ကျပ်မှ ၁၀၆၅၀၀ ကျပ်သို့ ဈေးတက်သွားသည်။

တစ်ပတ်အတွင်း အကယ်ဒမီ ရက် ၉၀ ဆန်တစ်အိတ်လျှင် ၈၅၀၀ကျပ်၊ နွေဖြူသန့်တစ်အိတ်လျှင် ၃၀၀၀ကျပ်နှင့် ဆင်းသုခတစ်အိတ်လျှင် ၆၀၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ထို့အပြင် ပြည်တွင်းထုတ် စားသုံးဆီများမှာလည်း ယခု သီတင်းပတ်အတွင်း ဈေးနှုန်းမြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် မေလ ၁၀ ရက်တွင် အမေထွားပဲဆီတစ်လီတာလျှင် ၁၂၁၀၀ကျပ်မှ မေလ ၁၇ ရက်တွင် ၁၂၅၀၀ကျပ်၊ ဇွဲ မြေပဲဆီ တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၄၅၀၀ကျပ်၊ နှမ်းဆီတစ်လီတာ ၁၂၀၅၀ ကျပ်မှ ၁၁၂၆၀၀ကျပ်သို့ ဈေးနှုန်းမြင့်တက်လျက်ရှိသည်။

တစ်ပတ်အတွင်း အမေထွားပဲဆီတစ်လီတာလျှင် ၄၀၀ကျပ်၊ ဇွဲ တံဆိပ် ပဲဆီတစ်ပိဿာလျှင် ၁၀၀၀ကျပ်နှင့် နှမ်းဆီတစ်လီတာလျှင် ၅၅၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ကျူကုတ်များမှာ ဈေးကျလာသည်။ တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀ကျပ်နှင့် ကြက်သွန်ဖြူ(ကျူကုတ်)တစ်ပိဿာလျှင် ၅၀၀ ကျပ် ဈေးကျလာသည့်ကို တွေ့ရသည်။

ရေထွက်ကုန်နှင့် အခြားမီးဖိုချောင်သီးနှံများမှာမူ ဇယာပါဈေးနှုန်းများအတိုင်း ဈေးငြိမ်လျက်ရှိနေသည်ကို တွေ့ရသည်။