BREAKING
October 19, 2025

သထုံ စျေးမသွယ်အကျဉ်းထောင်က အကျဉ်သားခုနစ်ဦး ထွက်ပြေး၊ သုံးဦးပြန်အဖမ်းခံရ

September 16, 2025

ဓာတ်ပုံ - သံလွင်တိုင်းမ်

မွန်ပြည်နယ်၊ သထုံမြို့၊ စျေးမသွယ်အကျဉ်းထောင်က အကျဉ်သားခုနစ်ဦး ထွက်ပြေးကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

စက်တင်ဘာလ ၁၅ ရက်က သထုံခရိုင်တရားရုံးတွင် မှုစစ်ဆေးပြီး အချုပ်ကားဖြင့် စျေးမသွယ်အကျဉ်းထောင်သို့ ပြန်လာရာ ညနေ ၄ နာရီဝန်းကျင်တွင် ထောင်ရှေ့၌ အကျဉ်သားများအား ကားပေါ်က ချနေချိန် ထွက်ပြေးကြခြင်း ဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

ထွက်ပြေးသည့် အကျဉ်းသားခုနစ်ဦးအနက် သုံးဦးကို ထိုနေ့ ညနေတွင်ပင် ပြန်လည်ဖမ်းဆီးရမိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူသည့် သထုံဒေသခံတစ်ဦးက ဆိုသည်။

“ကျန်တဲ့ လေးဦးကတော့ လွတ်နေဆဲပဲ” ဟု အကျဉ်းထောင်နှင့် နီးစပ်သူသည့် သထုံဒေသခံတစ်ဦးက ပြောသည်။

ထွက်ပြေးနေသည့် အကျဉ်းသားများထဲတွင် လူသတ်မှုဖြင့် ဖမ်းဆီး အကျဉ်းကျနေသူအချို့လည်း ပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

အကျဉ်းသားများ ထွက်ပြေးသွားပြီးနောက် စစ်အာဏာရှင်တပ်က သထုံမြို့တွင် လုံခြုံရေးတင်းကျပ်ထားပြီး ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်ကလည်း ရေးမြို့မရဲစခန်းတွင် အချုပ်သားများ ရဲတပ်ဖွဲ့ထံမှ သေနတ်လုပြီး ပစ်ခတ် ထွက်ပြေးခဲ့သေးသည်။