ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီခန့်က ဖူးခက်မြို့ ထန်လန်ဒေသရှိ ဆောက်လုပ်ရေး အလုပ်သမားတန်းလျားထဲတွင် မြန်မာနိုင်ငံသားတစ်ဦး ဆွဲကြိုးချ၍ သေဆုံးနေကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဖော်ပြသည်။
သေဆုံးသူသည် အသက် ၄၉ နှစ်အရွယ် ဦးကျော်ဝင်းနိုင်ဖြစ်ပြီး အလုပ်သမားတန်းလျားရှိ အခန်းထဲတွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း ဆိုသည်။
ရဲတပ်ဖွဲ့များ လာရောက်စစ်ဆေးစဉ် ပြင်ပဒဏ်ရာများလည်း မတွေ့ရသလို အခန်းထဲ ရှာဖွေထားသည့် ပုံစံမျိုးလည်း မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။
အလောင်းသည် သေဆုံးချိန် ၈ နာရီကျော် ရှိနေပြီး လက်ရှိတွင် အလောင်းကို ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးမှုနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။
Ref: Phuket News, ဖူးခက်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့







