BREAKING
October 18, 2025

မိုးဆက်တိုက်ရွာနေသည့် ကော့စမွေကျွန်းတွင် မြေပြိုပြီး မြန်မာနှစ်ဦးပျောက်ဆုံး

December 15, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် မိုးဆက်တိုက်ရွာသွန်းပြီး မြေပြိုမှုဖြစ်ခဲ့ရာ မြန်မာအလုပ်သမားနှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြထားသည်။

ကျွန်းပေါ်တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ကတည်းက စတင်ကာ မိုးဆက်တိုက် ရွာသွန်းနေပြီး ကျွန်းပေါ်နေရာအနှံ့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် လမိုင်းဒေသ ဟီမထွန်းလမ်းရှိ အလုပ်သမားအဆောင်ဘက်တွင် မြေပြိုမှုဖြစ်ခဲ့ပြီး မြေပြိုမှုကြောင့် အသက် ၂၇ နှစ်နှင့် ၃၇ အရွယ်ရှိ မြန်မာအလုပ်သမား အမျိုးသားနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

လက်ရှိအချိန်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ပြီး ကျွန်းပေါ်တွင် ရေကြီးနှင့် မြေပြိုမှုအန္တရာယ်များကို ဂရုစိုက်ကြရန် ညွှန်ကြားထားသည်။

Ref: Khaosod English, Thai PBS, Daily News