ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်းကြက်သွန်ဖြူနှင့် ရွေအပ်ငရုတ်ခြောက် ဈေးတက်ပြီးဆန်ကြမ်းဈေးကျနေသည်။
ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် နိုဝင်ဘာလ ၉ ရက်နေ့က ကြက်သွန်ထူး ၄ တစ်ပိဿာ ၉၀၀၀ ကျပ်မှ ယခုသီတင်းပတ်ဖြစ်သည့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တစ်ပိဿာ ၉၅၀၀ ကျပ်၊ကြက်သွန်ဖြူထူး ၅ တစ်ပိဿာ ၉၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်နှင့် ရွှေအပ်ငရုတ်အခြောက်တစ်ပိဿာ ၁၆၀၀၀ ကျပ်မှ ၁၆၅၀၀ ကျပ်သို့ အသီးသီးဈေးတက်လာခြင်းဖြစ်သည်။
ထို့ကြောင့်ယခုသီတင်းပတ်အတွင်း ကြက်သွန်ဖြူနှင့်ေရွှအပ်ငရုတ်အေခြာက်တို့မှာတစ်ပိဿာ ၅၀၀ ကျပ်စီဈေးတက်လာသည်ကိုတွေ့ရှိရသည်။
တိုင်းပြင်ပမှတင်သွင်းသည့် ဆန်ကြမ်းအမျိုးအစားများဖြစ်သည့် စိန်သရဖူမှော်၊အကယ်ဒီမီ ၁၁ နှင့် နှံကား ဆန်အမျိူအစားတို့မှာ ဈေးပြန်ကျလာသည်။
နိုဝင်ဘာလ ၉ ရက်နေ့က စိန်သရဖူမှော် ဆန်တစ်အိတ်လျှင် ၁၁၁၀၀၀ ကျပ်မှ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ၁၀၆၀၀၀ ကျပ် အကယ်ဒမီ ၁၁ ဆန်တစ်အိတ်လျင် ၉၇၅၀၀ ကျပ်မှ ၉၂၅၀၀ ကျပ်၊ အကယ်ဒမီနှံကားအမှတ်တံဆိပ်ဆန်မှာ တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်မှ ၈၄၀၀၀ ကျပ်သို့ အသီးသီးဈေးပြန်ကျလာခြင်းဖြစ်သည်။
ထို့ကြောင့် တစ်ပတ်အတွင်း စိန်သရဖူမှော်ဆန်ကြမ်းအမျိုးအစားတစ်အိတ်လျှင် ၅၀၀၀ကျပ်အကယ်ဒီမီ၁၁ ဆန်တစ်အိတ်လျှင် ၅၀၀၀ကျပ်၊နှင့် အကယ်ဒမီနှံကား အမှတ်တံဆိတ်ဆန်တစ်အိတ်လျှငိ ၃၀၀၀ကျပ်သို့ အသီးသီးဈေးပြန်ကျလာသည်ကိုတွေ့ရှိရသည်။
အခြားစားဖိုဆောင်သုံးပစ္စည်းများဖြစ်သည့် ကြက်သွန်နီနှင့် ထားဝယ်ဆန်အမျိုးအစားများမှာဈေးငြိမ်နေ သည်ကိုဇယားပါသည့် ဈေးနှုန်းများအတိုင်းတွေ့ရှိရမည်ဖြစ်သည်။
သို့သော်ပြီးခဲ့သည့် သီတင်းပတ်က အကယ်ဒမီအစိမ်းအမှတ်တံဆိပ် ပေါ်ဆန်းဆန်တစ်အိတ်လျင် ၁၆၄၀၀၀ ကျပ်သာရှိရမှ ယခုသီတင်းပတ်ဖြစ်သည့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ၁၇၆၅၀၀ ကျပ်၊အကယ်ဒမီအနီအမှတ်တံဆိပ် ပေါ်ဆန်းဆန်မှာ ၁၄၅၀၀၀ ကျပ်မှ ၁၆၀၅၀၀ ကျပ်အထိ အသီးသီးဈေးမြင့်တက်သွားသည်ကို တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့်အကယ်ဒမီပေါ်ဆန်းဆန် အမျိုးအစားတချို့မှာ တစ်ပတ်အတွင်း အမျိုးအစားပေါ်မူတည်ပြီး တစ်အိတ်လျှင် ၁၂၅၀၀ ကျပ်မှ ၁၅၅၀၀ ကျပ်အထိ အများဆုံးဈေးတက်သွားသည်ကို တွေ့ရမည်ဖြစ်သည်။










