BREAKING
October 18, 2025

ကော့သောင်းမှ ရနောင်းသို့ တရားမဝင် လာသော မြန်မာ ၁၄ဦး ဖမ်းဆီးခံရ

October 15, 2025

ကော့သောင်းမြို့မှတစ်ဆင့် ရနောင်းမြို့သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင် ပါချန်မြစ်ဘေး ကရဘူရီဒေသ၌ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများကို နယ်စပ်ဒေသ ကင်းလှည့်နေသော ထိုင်းခြေမြန်တပ်ရင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ခုနစ်ဦးပါဝင်ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများကို ဥပဒေအရ အရေးယူနိုင်ရေး ပါကျန်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊ တာခ့်ခရိုင်များတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသူများ ဖမ်းဆီးခံရမှု မြင့်တက်နေချိန် ရနောင်းနယ်စပ်တွင်လည်း ဖမ်းဆီးခံရမှုများ ရှိလာခြင်းဖြစ်သည်။