မိုင်ပေါင်း ၅၀၀ လောက်ရှည်တဲ့ ကမ်းရိုးတန်းကိုပိုင်ဆိုင်ထားတဲ့ တနင်္သာရီတိုင်းထဲက မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်မှာ ဒီရေတောမီးသွေးကို အဓိကထုတ်လုပ်ကြပါတယ်။
ဒီရေတောမီးသွေးက စျေးကောင်းရတဲ့အပြင် စျေးကွက်လိုအပ်ချက် ကြီးမားနေပါတယ်။
ဒါကြောင့် မီးသွေးဖုတ်သူတွေက ဒီရေတောတွေကို အလွန်အကျွံခုတ်ယူပြီး မီးသွေးဖုတ်ကြလို့ ဒီရေတောတွေ ပျက်စီးလာနေပါပြီ။