BREAKING
October 20, 2025

ကိုဗစ်ကြောင့် မိုင်ငါးရာ စက်ဘီးစီးပြီး အိမ်ပြန်သူ

October 14, 2020

ကိုဗစ်ကပ်ဘေးအတွင်း အလုပ်လက်မဲ့ဖြစ်ပြီးတော့ ရန်ကုန်မှာ နေထိုင်ဖို့ခက်ခဲလာတဲ့ တနင်္သာတိုင်း ကျွန်းစုမြို့နယ်က လူငယ်တစ်ယောက် မိုင်းငါးရာကျော်ဝေးတဲ့ သူ့နေရပ်ကို စက်ဘီးတစ်စီး၊ ငွေတစ်သိန်းကျော်၊ ဖုန်းတစ်လုံး ဓာတ်မီးအသေးတစ်လုံး၊ အဝတ်ထုတ်တွေနဲ့ ပြန်လာခဲ့ပါတယ်။

ဓာတ်မီးက ညဘက် စက်ဘီးနင်းတဲ့အချိန်မှာ အသုံးပြုပြီးတော့ ဖုန်းတစ်လုံးကတော့ Google Map ( မြေပုံ) သုံးပြုဖို့အတွက်ဖြစ်ပါတယ်။