BREAKING
June 15, 2025

ဆန်ဈေးတက်ပြီး ကြက်သွန်ဖြူဈေးဆက်တိုက်ကျသည့် ထားဝယ်ဈေးကွက်

June 14, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်ဈေးတက်ပြီး ကြက်သွန်ဖြူမှာ နှစ်ပတ်ဆက်တိုက် ဈေးကျသည်။

ပြီးခဲ့သည့်သီတင်းပတ် ‌ဇွန်လ ၇ ရက်က အကယ်ဒမီ ရက် ၉၀ ဆန်ကြမ်းတစ်အိတ်လျှင် ၁၂၄၅၀၀ကျပ်မှ ဇွန်လ ၁၄ရက်တွင် ၁၂၆၀၀ ကျပ်သို့ ဈေးတက်သွားသည်။

ထို့အတူ ရွှေဘိုပေါ်ဆန်း အောင်သီဟ ဆန်ချောအမျိုးအစားမှာ ဇွန်လ ၇ ရက်က တစ်အိတ်လျှင် ၂၀၂၀၀၀ကျပ်စျေးရှိရာမှ ဇွန်လ ၁၄ ရက်တွင်မူ ၂၀၅၀၀၀ကျပ်ဖြစ်သွားသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ၁၅၀၀ကျပ်နှင့် ဆန်ချောတစ်အိတ်လျှင် ၃၀၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူ ထူး၅ မှာမူ နှစ်ပတ်ဆက်တိုက် ဈေးကျလာသည်ကိုတွေ့ရသည်။

မေလကုန်ပိုင်းတွင် ကြက်သွန်ဖြူ ထူး၅ တစ်ပိဿာ ၁၁၀၀၀ ကျပ်မှ ဇွန်လ ၇ ရက်တွင် ၁၀၅၀၀ကျပ်သို့ ဈေးကျပြီး ‌ဇွန်လ ၁၄ ရက်တွင်မူ တစ်ပိဿာ ၉၅၀၀ကျပ် ဖြစ်လာသည်။

ထို့ကြောင့် ကြက်သွန်ဖြူ ထူး၅ အမျိုးအစားမှာ နှစ်ပတ်အတွင်း တစ်ပိဿာလျှင် ၁၅၀၀ကျပ် ဈေးကျသွားခြင်းဖြစ်သည်။

ကြက်သွန်နီနှင့် အာလူးမှာ ယခုသီတင်းပတ်တွင် ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကိုတွေ့ရသည်။

ထို့အတူ ရေထွက်ကုန်တစ်ခုဖြစ်သည့် ပုစွန်ဈေးမှာလည်း တစ်ပိဿာလျှင် ၅၅၀၀၀ကျပ်ဖြင့် ဈေးဆက်တိုက်ငြိမ်နေသည်။