BREAKING
May 14, 2025

မိုးထဲရေထဲ ကူရာမဲ့နေတဲ့ စစ်ရှောင်တွေ

May 14, 2025

တနင်္သာရီတိုင်းမှာ တိုက်ပွဲနဲ့ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံစစ်ဘေးရှောင် ခုနစ်သောင်းနီးပါးအထိ ရှိနေပါပြီ။

တိုင်းအတွင်း စစ်ဘေးရှောင်အနည်းငယ်သာ စစ်ရှောင်စခန်းတွေထဲမှာ နေထိုင်နေကြပြီး စစ်ဘေးရှောင် အများစုကတော့ နီးစပ်ရာ ခြံ၊ ဥယျာဉ်၊ တောတောင်တွေထဲမှာ ရှောင်တိမ်းနေကြရတာပါ။

ဒါကြောင့် တနင်္သာရီတိုင်းက စစ်ဘေးရှောင်အများစုက အကူအညီတွေများစွာ လိုအပ်နေကြတာပါ။

ဒီနှစ်မှာ မုတ်သုန်အဝင်စောဖို့ရှိသလို မိုးရွာသွန်းမှု များနိုင်တဲ့ အခြေအနေကြောင့် စစ်ဘေးရှောင်တွေ ပိုမိုခက်ခဲကျပ်တည်းဖို့ရှိနေပါတယ်။