ထားဝယ်ဈေးကွက်တွင် ကားလမ်းပိတ်ချိန် ပစ္စည်းပြတ်ပြီး ဈေးတက်ခဲ့သည့် စားဖိုဆောင်သုံးပစ္စည်းများ ယခုသီတင်းပတ်အတွင်း ဈေးပြန်ကျလာသည်။
ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၄၀၀၀ကျပ်မှ စက်တင်ဘာ ၁၃ ရက်နေ့တွင် ၂၅၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်၊ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာ ၂၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်နှင့်အာလူးတစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၈၀၀၀ကျပ်သို့ အသီးသီးဈေးကျသွားခြင်းဖြစ်သည်။
ထို့ကြောင့်တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာ ၁၅၀၀ကျပ်၊ကြက်သွန်ဖြူတစ်ပိဿာ ၉၀၀၀ကျပ်၊ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာ ၆၀၀၀ကျပ်နှင့် အာလူးတစ်ပိဿာ ၂၀၀၀ကျပ် ဈေးပြန်ကျလာခဲ့ခြင်းဖြစ်သည်။
သို့သော် ငရုတ်ခြောက်မှာမူ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိနေသည်။
ထားဝယ်ရေထွက်ကုန်ဈေးတွင်မူ ငါးနှင့်ပုစွန်ဈေးနှုန်းများ မြင့်တက်နေသည်ကို ဇယားပါအတိုင်းတွေ့ရှိရမည်ဖြစ်သည်။
ယခုသီတင်းပတ်အတွင်း ရေထွက်ကုန်ဈေးကွက်သို့ ငါးနှင့်ပုစွန် အဝင်နည်းခြင်းကြောင့် ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း ထားဝယ်မြို့ကမ်းနားဈေးတွင် ရေထွက်ကုန်လက်လီ/လက်ကား ရောင်းသည့် အမျိုးသမီးတစ်ဦးကပြောသည်။
ထားဝယ်ဈေးကွက်တွင် တိုင်းပြင်ပမှ တင်သွင်းသည့် ဆန် မှာ ပြတ်လတ်လျက်ရှိနေပြီး ထားဝယ်ဒေသထွက် ဆန်ဈေးနှုန်းများမှာလည်း ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကိုတွေ့ရမည်ဖြစ်သည်။

