BREAKING
October 21, 2025

ဆန်နှင့် ငရုတ်ဈေးကျပြီး ကြက်သွန်ဖြူ (ကြူကုတ်) ဈေးတက်သည့်ထားဝယ်ဈေးကွက်

July 12, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်နှင့် ငရုတ်ဈေးကျပြီး ကြက်သွန်ဖြူ (ကြူကုတ်) ဈေးတက်လာသည်။

ပြီးခဲ့သည့် သီတင်းပတ် ဇူလိုင်လ ၅ ရက်က ထားဝယ်ဆန်ဈေးကွက်တွင် စိန်သရဖူ (မှော်) အမျိုးအစား ဆန်တစ်အိတ်လျှင် ၁၀၅၅၀၀ ကျပ်မှ ဇူလိုင်လ၁၂ ရက်တွင် ၁၀၅၀၀၀ကျပ်၊ မိုးပျံမြောင်းမြပေါ်ဆန်းဆန်မှာ ၁၄၇၀၀၀ ကျပ်မှ ၁၄၆၅၀၀ကျပ်သို့ ဈေးကျသွားသည်ကို တွေ့ရသည်။

တစ်ပတ်အတွင်း ဆန်တစ်အိတ်လျှင် ၅၀၀ ကျပ် ဈေးကျသွားခြင်းဖြစ်သည်။

ထို့အတူ ရွှေအပ်ငရုတ်သီးခြောက်မှာလည်း တစ်ပတ်အတွင်း တစ်ပိဿာလျှင် ၅၀၀ ကျပ် ဈေးကျသွားသည်။

ဇူလိုင်လ ၅ ရက်တွင် ရွှေအပ်ငရုတ်သီးခြောက်တစ်ပိဿာ ဈေးမှာ ၁၁၀၀၀ကျပ်ဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်တွင်မူ တစ်ပိဿာ ၁၀၅၀၀ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။

သို့သော် ကြက်သွယ်ဖြူ(ကြူကုတ်)မှာမူ ယခုသီတင်းပတ်အတွင်း ‌တစ်ပိဿာလျှင် ၅၀၀ ကျပ် ဈေးတက်သွားသည်။

ဇူလိုင် ၅ ရက်က ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ဇူလိုင် ၁၂ ရက်တွင် တစ်ပိဿာ ၁၁၅၀၀ကျပ်သို့ ဈေးတက်သွားခြင်းဖြစ်သည်။

ကြက်သွန်နီ၊ ဆန်ကြမ်းနှင့် ပြည်တွင်းပြည်ပထုတ် စားသုံးဆီဈေးနှုန်းများမှာမူ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။