BREAKING
June 13, 2025

ချွန်ဘူရီတွင် မြန်မာတစ်ဦးလမ်းဘေးတွင် သေဆုံး

June 12, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ နောယိုင်ဒေသရှိ စက်မှုဇုန်အနီး လမ်းဘေးတွင် မြန်မာနိုင်ငံသားတစ်ဦး ယနေ့ ဇွန်လ ၁၂ ရက်က သေဆုံးနေကြောင်း ချွန်ဘူရီခရိုင်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

နိုင်ငံကူးလက်မှတ်စာအုပ်အရ သေဆုံးသူသည် အသက် ၄၅ နှစ်အရွယ် ကိုသန်းစိန်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ရိုကျနစက်မှုဇုန်အနီး လမ်းဘေးတွင် သေဆုံးနေကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ကိုသန်းစိန်၏ အလောင်းကို ရင်ခွဲစစ်ဆေးနိုင်ရန် ချွန်ဘူရီဆေးရုံသို့ ကယ်ဆယ်ရေးအဖွဲ့က ပို့ဆောင်ထားကြောင်း ဖော်ပြသည်။

သေဆုံးရသည့် အကြောင်းအရင်းကိုမူ မဖော်ပြထားသဖြင့် မသိရသေးပေ။

ကိုသန်းစိန်၏ မိသားစုဝင်များဖြစ်စေ၊ သိရှိသူများဖြစ်စေ ချွန်ဘူရီရဲစခန်းသို့ ဆက်သွယ်ကြရန်လည်း ၎င်းက ရေးသားထားသည်။

Ref: อลงกรณ์ พยัคฆ์บูรพา